ဒီနေ့တော့ ငါးပိရည်ကျို မွှေးမွှေးလေး ကျိုဖြစ်ပါတယ် ငါးပိရည်ကျိုကျို မွှေးမွှေးလေး ကျိုဖြစ်တော့ သူနဲ့လိုက်ဖက်ပြီး ထမင်းမြိန်မြိန်နဲ့ စားလို့ကောင်းစေတဲ့ လွယ်ကူမြန်ဆန်စွာ ချက်နိူင်တဲ့ ကြက်ဥချဉ်ရည်ဟင်း ချက်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
ပါ၀င်ပစ္စည်းများ
- ကြက်ဥ - ရှစ်လုံး
- ကြက်သွန်နီ - ခပ်ကြီးကြီး တစ်ဥ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး၃မွှာ
- ချင်း - လက်တစ်ဆစ်သာသာ
- ခရမ်းချဉ်သီး - အလုံးကြီးကြီး ငါးလုံး
- မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်းသာသာ
- ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ငရုတ်သီးအရောင်တင်မှုန့်. - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်းတစ်ဇွန်း
- ဆီ - ထမင်းစားဇွန်း ၆ဇွန်း
ပြင်ဆင်ပုံ
- ကြက်ဥကို ကျက်အောင် ပြုပ်ပေးပြီး အခွံခွာထားပြီး ကြက်ဥကို အပ်ခြည်ကြိုးနှင့် ထက်ဝက်ပိုင်းပေးထားပါ
- ကြက်သွန်နီ ကြက်သွန်ဖြူ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ ငရုတ္သီး အရောင်တင်မှုန့်နှင့် ရောပြီး ညက်နေအောင် ထောင်းပေးပါ
- ခရမ်းချဉ်သီးကို ရေဆေးပြီး ခပ်ပါးပါး နုတ်နုတ်လေးတွေ လှီးထားပါ
- ပါ၀င်ပစ္စည်းများကို အဆင်သင့် ပြင်ထားပါ
- ဒယ်အိုးတစ်လုံးထဲမှာ ဆီနှင့်နနွင်းမှုန့်ထည့်ပေးကာ အပူပေးပါ
- ဆီပူလာပါက ထောင်းထားသော ကြက်သွန်နီ ကြက်သွန်ဖြူ ချင်း ငရုတ်သီးမှုန့်ထောင်းတို့ကို ထည့်ပေးကာ မွှေးလာတဲ့အထိ ဆီသတ်ပေးပါ
- ငရုတ်သီးနံ့မွှေးလာတာနဲ့ငါးငံပြာရည်ကိုပါ တစ်ခါထဲ ထည့်ပေးပြီး ဆီသတ်ပေးပါ
- ငံပြာရည် ဆီသတ်နံ့လေး မွှေးလာတော့မှ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
- ခရမ်းချဉ်သီးများ ကျေလာတော့မှ ရေမြုပ်အောင်ထည့်ပြီး တည်ပေးပါ
- ပြီးတာနဲ့ အရသာမှုန့်နှင့် ဆားထဲ့ကာ ရေကိုပွက်ပွက်ဆူအောင် တည်ပေးပါ
- ဟင်းရည် ပွက်ပွက်ဆူလာလာတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလို ပြင်ပေးပါ
- ဟင်းရည်အရသာ အနေတော် ရလာတာနဲ့ ထက်ဝက်ခြမ်းထားတဲ့ ကြက်ဥကို အနှစ်ကို အပေါ်မှာထားပြီး ထည့်ပေးကာ ဆီကျန်ရေကျန် အနေအထားလေး ရလာအောင် တည်ပေးပါ
- ပြီးတာနဲ့ ကြက်ဥချဉ်ရည်ဟင်းကို မဆလာအုပ်ပေးကာ မီးပိတ်ပေးနိုင်ပါပြီ။
No comments:
Post a Comment