Tuesday 26 September 2017

မကျည်းရွက် ငါးပိချက်










အေးရှန်းဆိုင်က မန်ကျည်းရွက်နုလေးတွေ ဝယ်လာပြီး ဘယ်လိုချက်စားရင် ကောင်းမလဲ ငါးနဲ့ချက်ရင်  ကောင်းမလား ငါးပိချက်လေးချက်ရင် ကောင်းမလား စဉ်းစားနေရင်းက ငါးပိချက်ဆို ပိုပြီးအဆင်ပြေမယ် ထင်တာနဲ့ ပုဇွန်ခြောက်လေးနဲ့ ချက်ဖြစ်သွားပါတယ်။

ပါဝင်ပစ္စည်းများ

  1. မန်ကျည်းရွက် ဆားစိမ် - 450 g
  2. ပုစွန်​​ခြောက် - ၅ကျပ်​သား
  3. ကြက်​သွန်​နီ - အလုံးကြီးကြီး ၂လုံး
  4. ကြက်​သွန်​ဖြူ - နှစ်သက်သလောက်
  5. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  6. ငရုတ်​သီး လုံးခြမ်းခွဲ - ထမင်းစားဇွန်း ၃ဇွန်း
  7. ဆီ ဟင်းခတ်ဇွန်းကြီး - ၂ဇွန်း
  8. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  9. ဟင်းခတ်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  10. ငါးငံပြာရည် - ထမင်းစားဇွန်း ၂ဇွန်း
  11. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း

ပြင်ဆင်ပုံ
  • မန်ကျည်းရွက် ဆားစိမ်ကို ရေစစ်ပြီး ပြင်ထားပါ
  • ပုစွန်​​ခြောက်​ကို အမှုန့်​ကြိတ်​ ထားပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးထားပါ
  • ဟင်းချက်ရန် လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • ဒယ်​အိုးတလုံးမှာ ဆီနှင့်နနွင်းမှုန့်ကိုထည့်ပြီး ဆီကိုအပူ​ပေးပါ
  • ဆီပူလာတာနဲ့ ကြက်​သွန်​နီကို နွမ်းသွားအောင် ထည့်ကြော်ပေးပါ
  • ကြက်သွန်နီ နွမ်းတာနဲ့ငရုတ်သီးမှုန့်ကို ထည့်ကြော်ပေးပါ
  • ငရုတ်သီးနံ့ သင်းလာတာနဲ့ ပုဇွန်ခြောက်မှုန့်ကို ထည့်မွှေပါ
  • ပြီးတာနဲ့ငါးငံပြာရည်​ ဟင်းခတ်​မှုန့်​နှင့် မန်​ကျည်းရွက် ဆား ငါးငံပြာရည်နှင့်​ ဟင်းခတ်​မှုန်တို့ကို ထည့်ကာ မွှေပေးပါ
  • မန်ကျည်းရွက်များ အနည်းငယ်​ ခြောက်​လာအောင် မွှေပေးပါ
  • မန်ကျည်းရွက်ကြော် မွှေးလာပြီး  မွမွလေး ဖြစ်လာတာနဲ့ အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ငရုတ်သီးစိမ်း ကြက်သွန်ဖြူ ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • ချဉ်ငံစပ်ပြီး မွှေးနေတဲ့ မန်ကျည်းရွက် ငါးပိချက်ကို နှစ်သက်စွာ စားသုံးဖို့ ပြင်ဆင်နိုင်ပါပြီ။

No comments:

Post a Comment