ဒီတခါတော့ နေ့လည်နေ့ခင်း သားအမိတစ်တွေ စကားပြောရင်း စားဖို့အတွက် ဝက်နံရိုးလေးကြော်လေး ကြော်စားဖြစ်ပါတယ် စားလို့ကောင်းပြီး ကြော်ရတာ လွယ်ကူတဲ့အတွက် ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်ရှင်။
ပါဝင်ပစ္စည်းများ
- အသားထူသော ဝက်နံရိုး - 500 g
- တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် ၂ခွက်
- ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်သာသာ
- ချင်းအရည် - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၅ဗူးသာသာ
ကြော်ဖို့ပြင်ရန်
- တန်ပူရာမှုန့် နနွင်းမှုန့် ချင်းရည် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေပေးကာ ခပ်ပျစ်ပျစ် ဖျော်ပေးပါ
- မုန့်နှစ် ခပ်ပျစ်ပျစ် ဖြစ်နေစေရန် ရေကို နည်းနည်းခြင်း ထည့်ဖျော်ပေးပါ
- မုန့်နှစ်အရမ်းမပျစ် အရမ်းမကျဲစေရန်အတွက် ရေကိုချင့်ချိန်ထဲ့ပြီး လိုတိုးပိုးလျှော့ လုပ်ပေးပါ
- ဝက်နံရိုးကို ရေဆေးကာ ရေစစ်ထားပြီး ပုံပါအတိုင်း တစ်လက်မသာသာ အနေတော် တုံးပေးထားပါ
- အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ ဝက်နံရိုးကို နှစ်ပေးပါ
- ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက ဝက်နံရိုး မုန့်နှစ်လူးကို တစ်တုံးခြင်း ထဲ့ကြော်ပေးပါ
- မီးအရမ်း မများစေရန် သတိပြုပြီး ကြော်ပေးပါ
- မီးအရမ်း များပါက ဝက်နံရိုးမှာ ကပ်နေသော အသားများ မကျက်ဘဲ ဖြစ်နေတတ်ပါတယ်
- ဝက်နံရိုးကြော် တစ်ဖက်ရွှေဝါရောင် သန်းလာပါက တဖက်ကို လှန်ပေးပါ
- နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
- ဆီစစ်သွားပါက ဝက်နံရိုးကြော် ကြွတ်ကြွတ် ချိုချိုလေးကို နှစ်သက်ရာ အချဉ်နဲ့တွဲဖက်ပြီး စားလို့ရပါပြီ။
No comments:
Post a Comment