Sunday 24 September 2017

ဝက်သား ခရုဆီကြော်


အလုပ်မအားတဲ့ ရက်တွေမှာ မီးဖိုဆောင်ထဲ ကရောသောပါးဝင်ကာ ပြင်ဆင်ရတာ အရမ်းလွယ်လွန်းတဲ့ လွယ်ကူမြန်ဆန် ဟင်းတမယ်အတွက် ၀က်သားခရုဆီ ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဝက်သား - 150 g
  2. ကြက်သွန်နီ - အနေတော် တစ်ဥ
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  4. ချင်း - လက်တစ်ဆစ်ခန့်
  5. ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
  8. ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  10. ဆီ - ထမင်းစားဇွန်း ငါးဇွန်း

ပြင်ဆင်ပုံ

  • ဝက်သားကို ရေဆေးပြီး အတုံးလေးတွေ တုံးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ အကွင်းလိုက် လှီးပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ချင်းကိုအခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး ရှည်ရှည်လေးတွေ လှီးထားပါ
  • ဇလုံတစ်လုံးထဲမှာ ဝက်သား ခရုဆီ အရသာမှုန့် ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ဆား နှင့် ခရုဆီတို့ ထည့်နယ်ပြီး နှပ်ထားပါ
  • အရင်ဆုံး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ အရသာ နယ်ထားသော ၀က်သားကို ထဲ့ကြော်ပေးပါ
  • ၀က်သားကို ၃မိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေခမ်းသွားတာနဲ့ကြက်သွန်ဖြူ ကြက်သွန်နီနှင့် ချင်းတို့ကို တစ်မိနစ်လောက် ထဲ့မွှေပေးပါ
  • ကြက်သွန်များ နွမ်းမသွားအောင် ခပ်မြန်မြန်ကြော်ပြီး အရသာမြည်းကာ လိုသလို ပြင်ပေးပါ
  • ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • ထမင်းပူပူလေးနဲ့ အရသာရှိစွာ သုံးဆောင်နိုင်သော ၀က်သား ခရုဆီကြော် မွှေးမွှေးလေး ရပါပြီ။

No comments:

Post a Comment