Saturday 23 September 2017

ပဲငါးပိအနှစ် ကြက်သားကြော်

 





ဒီတခါတော့ ပဲငါးပိအနှစ် မွှေးမွှေးလေးနဲ့ ကြက်သားကိုနယ်ကာ စားမိန်ဟင်းလေး တမယ်ချက်ဖြစ်ပြန်ပါတယ် ပဲငါးပိပါရင်ကို ထမင်းက စားလို့မိန်ပြီးသားမို့လို့ ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေဆေးပြီး ခပ်ပါးပါးလှီးထားသော ကြက်သား - 150g
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ချင်း - လက်တဆစ်
  • အဖတ်လေးများ ရအောင်လှီးထားသော ကြက်သွန်နီ - အနေတော် တဥ
  • ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ပုံပါအတိုင်း လှီးထားသော မုံလာဥနီ - တဥ
  • ပဲငါးပိအနှစ် - ထမင်းစားဇွန်း ၂ဇွန်း
  • ဆီ - ထမင်းစားဇွန်း ၃ဇွန်း 
ပြင်ဆင်ပုံ
  1. ကြက်သားကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
  2. ကြက်သွန်ဖြူကို ဓါးပြားရိုက်ထားပါ
  3. ချင်းကို ညက်နေအောင် ထောင်းထားပါ
  4. လှီးထားသော ကြက်သားကို ပဲငါးပိအနှစ် ကြက်သွန်ဖြူ ဆား အရသာမှုန့် ချင်းတို့နှင့် ခပ်ပြစ်ပြစ် နယ်ထားပါ
  5. ဆီကို အပူပေးပြီး အရသာ နယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  6. ကြက်သားကျက်တာနဲ့ ကြက်သွန်နီနှင့် မုံလာဥနီတို့ ထည့်ကြော်ပါ
  7. မုံလာဥများ အရမ်းနူးအောင် မကြော်ဘဲ မီးပိတ်ပေးပြီး စားပွဲကို ပြင်ပေးပါ။

No comments:

Post a Comment