အစပ်လေးတွေ စားချင်စိတ် ပေါ်လာတိုင်း ချက်ဖြစ်တဲ့ တပင်တိုင်ဟင်းလေးပါ ချက်နည်းကတော့ အရင်ချက်နည်းတွေ အတိုင်းပါဘဲ ထမင်းမိန်မိန် စားနိုင်စေဖို့အတွက် ချက်နည်းလေး ထပ်မံမျှဝေလိုက်ခြင်းသာပါရှင်။
ပါဝင်ပစ္စည်းများ
- ပုဇွန်ထုတ် - 400 g
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ငါးငံပြာရည် - ထမင်းစားဇွန်း ၃ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ဆီ - ထမင်းစားဇွန်း ၂ဇွန်းခန့်
- ကြက်သွန်နီ - အနေတော် တစ်လုံး
ပြင်ဆင်ပုံ
- ပုဇွန်ကို ရေဆေးပြီး အခွံခွာ အမြှီးနှင့်ခေါင်းဖြုတ်ကာ ကြောဖက်မှ အမည်းကြောင်းကို ဖယ်ပေးပါ
- သန့်စင်ပြီးသော ပုဇွန်ကို ရေငံပုဇွန်ဖြစ်ပါက ရေ၃ထပ်လောက် ဆေးပးပြီး ထက်ခြမ်းခွဲပေးပါ
- ပြီးတာနဲ့ နနွင်းမှုန့်အနည်းငယ် ဆားအနည်းငယ်နှင့် နယ်ထားပါ
- ငရုတ်သီးစိမ်းကို အတောင့်လိုက် ရေဆေးပြီး မထူမပါး လှီးပေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးပေးထားပါ
- အားလုံး အဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးကို ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာတာနဲ့ နနွင်းမှုန့် အနည်းငယ်ထည့်ပြီး ကြက်သွန်နီကို ထည့်ကြော်ပါ
- နွမ်းရုံလေး ကြော်ပြီးတာနဲ့ ငရုတ်သီးစိမ်းကို တစ်မိနစ်လောက် ထည့်မွှေပါ
- ပြီးတာနဲ့ ပုဇွန်ကို အရောင်ပြောင်းသွားတဲ့အထိ ထည့်ကြော်ပါ
- ပုဇွန်အရောင်ပြောင်းတာနဲ့ အရသာမှုန့်နှင့် ငံပြာရည်ကို ထည့်ကြော်ပြီး ရေမြုပ်အောင် ထည့်ပေးပါ
- ရေပွက်ပွက် ဆူလာပါက အရသာမြည်း လိုသလို ပြင်ပေးကာ ရေအနေတော်လောက် ရပြီဆို မီးပိတ်ပေးပြီး ထမင်းပူပူလေးနဲ့ ရှူးရှူးရှဲရှဲ စားသုံးနိုင်ပါပြီ။
No comments:
Post a Comment