ငါးအမွ ကြော်ထားတာလေးတွေနဲ့ ဒီနေ့တော့ ဆန်စေးမုန့်ဖတ်လေးကို သုပ်စားဖို့ ပြင်ပါမယ် ကြက်သားဟင်း ၀က်သားဟင်းတွေအစား အစားထိုးပြီး သုပ်ထားတာ ဖြစ်တဲ့အတွက် တစ်ခြားအသား မစားသူတွေအတွက် စားချင့်စဖွယ် အသုပ်လေး ဖြစ်လာမှာပါ ငါးအမွ ကြော်နည်းလေးကတော့ တင်ပြီးသားဖြစ်လို့ ပြင်ဆင်ပုံလေး မရေးတော့ဘဲ သုပ်နည်းကိုဘဲ မျှဝေပေးလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်စေးမုန့်ဖတ်အစို - တစ်ကီလိုခွဲ
- ငါးအမွှကြော် - လိုသလောက်
- ငါးငံပြာရည် - ထမင်းစားဇွန်း လိုသလောက်
- ငရုတ်သီးဆီချက် - လိုသလောက်
- နံနံပင် - လိုသလောက်
- ငရုတ်သီး အလှော်မှုန့် - လိုသလောက်
- ပဲအကျက်မှုန့် - လိုသလောက်
- သံပုရာသီး - နှစ်လုံး
ပါဝင်ပစ္စည်းများ ပြင်ထားရန်
- ဆန်ဆေးဖတ်ကို ရေနှင့်အနည်းဆုံး သုံးနာရီလောက် စိမ်ထားပါ
- ရေစိမ်ပြီးမှ ရေနွေးဆူဆူထဲမှာ နှစ်မိနစ်လောက် နှစ်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
- သံပုရာသီးကို ရေဆေးပြီး အနေတော် အစိတ်လေးတွေ လှီးထားပါ
- ပဲအကျက်မှုန့် ငါးအမွှကြော် ငါးငံပြာရည်နှင့် ငရုတ်သီးအလှော်မှုန့်တို့ကို ပြင်ထားပါ
- နံနံပင်ကို ရေဆေးပြီး လှီးထားပါ
စားပွဲပြင်ရန်
- ဇလုံတစ်ခုထဲတွင် တစ်ပွဲစာ ဆန်စေးမုန့်ဖတ် ငါးအမွှကြော်နှင့် ငရုတ်သီးဆီချက် ပဲအကျက်မှုန့် ငရုတ်သီးအလှော်မှုန့် နံနံပင် ငါးငံပြာရည် သံပုရာရည်တို့ကို သင့်သလို ထည့်နယ်ပြီး ဆန်းစေးမုန့်ဖတ်သုပ်ကို ပြင်ပေးကာ သုံးဆောင်ရန် ပြင်ပေးနိုင်ပါပြီ ။
No comments:
Post a Comment