Sunday 2 July 2017

ကြက်တောင်ပံ အချိုချက်


ကြက်တောင်ပံလေးတွေ ၀ယ်လာကာ အချိုချက်လေးချက်ပြီး ထမင်းပူပူလေးနဲ့စားဖို့ ပြင်ထားပါတယ် အချိုဟင်း တရုတ်ဟင်းလျာလေးတွေ ကြိုက်တတ်သူတွေအတွက် အကြိုက်တွေ့စေမဲ့ ဟင်းတမယ်ဖြစ်တာမို့လို့ မာမာချက်တဲ့နည်းလေး မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကြက်တောင်ပံ - 400g 
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်မရှိတရှိ
  • သကြား - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်းခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  •  



ပြင်ဆင်ပုံ
  • ကြက်တောင်ပံများကို ရေဆေးကာ ဆား နနွင်းတို့နဲ့ နယ်ထားပါ
  • ဇောက်နက်သော အိုးတလုံးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီပူလာတာနဲ့ သကြားကိုထည့်ပြီး နီလာအောင် ကြော်ပေးပါ
  • သကြားနီလာတာနဲ့  အရသာနယ်ထားသော ကြက်သားကို ထည့်ကြော်ပါ
  • ကြက်သားအသားများ မာကျစ်လာတဲ့ထိ သုံးမိနစ်လောက် ဆီသတ်ပေးပါ
  • အသားများ မာလာမှ ရေကိုမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ ဆက်တည်ပေးပါ 
  • ကြက်သားများ နူးလာအောင် တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ အထက်အောက် မွှေပေးပါ
  • ရခမ်းပြီး ဆီပြန်လာပါက ချိုစိမ့်စိမ့် အရသာနဲ့ ကြက်တောင်ပံဆီပြန်ဟင်းကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment