Monday, 10 July 2017

ရှူးရှူးရှဲရှဲ ရခိုင်မုန့်တီသုပ်



မိုးလေအေးအေးနဲ့ဘာလေးလုပ်စားရင်ကောင်းမလဲ စဉ်းစားလိုက်တာ ချဉ်ငံစပ်နေတာလေး စားချင်လာတာနဲ့ ဒီတခါတော့ ရခိုင်မုန့်တီလေးဘဲ သုပ်စားလိုက်ပါတော့တယ်။

ဟင်းရည်ချက်နည်းကတော့ အရင်တခါ တင်ထားတဲ့နည်းအတိုင်း ချက်ထားပါတယ် ချက်နည်း ပါဝင်ပစ္စည်းကတော့ အတူတူပါဘဲရှင်။

ပါဝင်ပစ္စည်းများ
ငါးပြုပ်ရန်
  • ငါးခူ - ၅ကျပ်သား
  • ငံပြာရည် - ထမင်းစားဇွန်း ၄ဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း တို့ကိုရေမြုပ်ရုံ  ရောပြုပ်ပေးပြီး နူးသွားပါက အသားဖတ်လေးမျးကို ထွင်ထားပါ
  • ငါးအရိုးများကို ငရုတ်ဆုံထဲမှာ ညက်အောင်ထောင်းပြီး ရေ အနည်းငယ်နှင့် အရည်ငင်ထားပါ
ဟင်းရည်ချက်ရန်
  • ရေ - 4cups
  • အရိုးငင်ထားသော ငါးရိုး -အရည် အနည်းငယ်
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ (ထောင်းပေးပါ)
  • ကြက်သွန်နီ - နှစ်လုံး (အဖတ်လေးများလှီးပေးပါ)
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ပုဇွန်ငါးပိ - ထမင်းစားဇွန်းတဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်းတဇွန်း
  • ငံပြာရည် - ထမင်းစားဇွန်းတဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဇွန်း
  • ပဒဲကောအမျှစ် - တလက်မ (ထောင်းပေးပါ)
  • ငါးဖယ်ခြစ် သို့မဟုတ် ဘာဆာငါးခြစ် အနည်းငယ်ကို အရသာနယ်ပြီး အချက်၂၀၀လောက် ပေါက်ကာ အလုံးလေးတွေ လုပ်ထားပါ
  • အရိုးထွင်ထားသောငါး အသားများနှင့် ပါဝင်ပစ္စည်း အားလုံးရောပြီး ရေပွက်ပွက်ဆူကာ ကြက်သွန်ဖတ်များ နူးအောင်တည်ပေးပါ
  • ရေပွက်ပွက်ဆူလာပါက ငါးခြစ်လုံးလေးများ ဟင်းရည်ထဲထည့်ပေးပါ ငါးလုံးများ ရေပေါ်ပေါ်လာပါက ဟင်းရည်အိုးကို အရသာမြည်းပြီး လိုသလိုပြင်ပေးထားပါ
ရခိုင်မုန့်တီသုပ်ရန်
  • ငရုတ်သီးစိမ်းအစပ်တောင့် - စားနိုင်သလောက် (လှော်ပြီးထောင်းပေးပါ)
  • Ready made မုန့်ဖတ်အခြောက် - 400 g (ပြုပ်ပေးထားပါ)
  • မကျည်းမှည့်ရည် - လက်ဖက်ရည်ပန်းကန် တလုံး
  • သံပုရာသီး - တလုံး( ကြိုက်လျှင်ထည့်သောက်ပါ )
  • ငံပြာရည် - လက်ဖက်ရည်ပန်းကန် တလုံး
  • ပဲကြော် - ဆယ်ချပ် (ချေထားပေးပါ)
  • နံနံပင် - ဆယ်ပင်ခန့် (လှီးပေးထားပါ)
  • ငါးဖယ်ကြော် - အချပ်သုံးဆယ် (အနေတော် ညှပ်ထားပေးပါ)
  • ကြက်သွန်ဖြူဆီချက် - တရုတ်ဟင်းပြင်ပန်းကန် အသေးတလုံးစာ ချက်ထားပါ
  • မုန့်တီသုပ်ရန် မိမိအဆင်ပြေသလို ပါဝင်ပစ္စည်းများထည့်ပြီး ခပ်ဖွဖွနယ်ကာ သုပ်ပေးပြီးပါက ရှူးရှဲအသုပ်လေးကို စားပွဲပြင်ပေးကာ မုန့်တီဟင်းရည်နှင့် တွဲဖက်ပြီး သုံးဆောင်နိုင်ပါပြီ။


No comments:

Post a Comment