Friday, 21 July 2017

ပုဇွန်ခြောက် ငံပြာရည်ချက်


ရာသီဥတုလေးကလဲ အေးလာပြီဆိုတော့ ပူစပ်စပ်လေးတွေ စားချင်မိလာပြန်ရော ဒါကြောင့်မို့လို့ ဒီတခါတော့ ထမင်းမိန်စေမဲ့ ငံပြာရည်ကြော် ကြော်ဖြစ်ပြန်ပါတယ် လွယ်ကူမြန်ဆန် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ခြောက် - အကောင်ကြီးကြီး လက်ဖက်ရည်အကြမ်း ပန်းကန်တလုံး
  • ကြက်သွန်နီ - ခပ်ကြီးကြီး ၅လုံး
  • ငရုတ်သီးလုံးခြမ်းကွဲ - လက်ဖက်ရည် ပန်းကန်အသေး တလုံး
  • ငရုတ်သီးစိမ်း - ၅တောင့်ခန့်
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တလုံး
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • ငံပြာရည် - ထမင်းစားဇွန်း ၅ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
ချက်ရန်ပြင်ဆင်ပုံ

  • ပုဇွန်ခြောက်ကို ရေနာရီဝက်လောက် စိမ်ထားပြီးမှ ညက်နေအောင်ထောင်းပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ပါးပါးလှီးထားပါ
  • ငရုတ်သီးစိမ်းကို အနေတော် လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ဒယ်အိုးကိုဆီထည့်ပြီး အပူပေးပါ
  • အိုးပူလာပါက ဆီထည့် နနွင့်ထည့်ကာ ကြက်သွန်နီကို ထည့်ကြော်ပေးပါ
  • ကြက်သွန်နီများ နွမ်းလာပြီး အရောင်မပြောင်းခင်မှာ ငရုတ်သီးမှုန့်ကို ထည့်ပြီး ၂မိနစ်လောက် ကြော်လိုက်ပါ
  • ငရုတ်သီးနံ့မွှေးလာပါက ငရုတ်သီးစိမ်း ပုဇွန်ခြောက်ထောင်း ဆား  ငံပြာရည်နှင့် အရသာမှုန့်တို့ထည့်ပြီး မွှေပေးပါ 
  • မကြာမကြာ မွှေပေးပြီး  ကြော်ပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
  • ငံပြာရည်များ ခမ်းမသွားခင် မီးပိတ်ပေးပြီး ပန်းကန်ထဲ ပြောင်းထည့်ပေးပါ
  • ငံပြာရည်ချက် စပ်စပ်မွှေးမွှေးလေး ရပြီဆိုတာနဲ့ နှစ်သက်ရာ တို့စရာတို့ဖြင့် တွဲဖက်ပြီး စားနိုင်ပါပြီ။

No comments:

Post a Comment