Friday, 28 July 2017

ပုဇွန်​​လှော်​သုပ်


ဟင်းချက်​ဖို့ စဉ်းစားတိုင်း အ​ဖြေမရတဲ့ ​နေ့​တွေဆို ​ရေခဲ​သေတ္တာထဲက ရှိတာ​တွေ ဆွဲထုတ်​ပြီး ​နောက်​ဆုံး​တော့လည်း အကြံကုန်​လာတော့ စိတ်​ထဲ​ပေါ်တာ​တွေ ချက်​လိုက်​မိ​တော့တာပါဘဲ ဒီ​နေ့မျှ​ဝေ​ပေးမှာကတော့ လွယ်ကူမြန်ဆန် ပုဇွန်​​လှော်​သုပ်​ ချဉ်​ငံစပ်​​လေးပါရှင်။

ပါဝက်​ပစ္စည်းများ

  • ပုဇွန်​ထုတ်​ - အ​နေ​တော်​ ၁၀ကောင်
  • ဆား - လက်​ဖက်​ရည်​ဇွန်း သုံးပုံတပုံ
  • ကြက်​သွန်​နီ - အ​နေ​တော်​ တလုံး
  • အချိုမှုန့်​ - လက်​ဖက်​ရည်​ဇွန်း တဝက်
  • သံပုရာသီး - တစိတ်
  • ငရုတ်​သီးစိမ်း - နှစ်​သက်​သ​လောက်
ပြင်​ဆင်​ပုံ
  1. ပုဇွန်​ထုတ်​ကို ​ရေ​ဆေးပြီး ဆားထည့်ပါ
  2. ပုဇွန်​ထုတ်​ထဲ ​ရေအနည်းငယ်​ထည့်​ပြီး မီးအားအနေတတော်နဲ့ ​လှော်ပေး​ပါ
  3. ​ရေခမ်းတာနဲ့ အ​အေးခံပြီး အခွံခွာပေးပါ
  4. ကြက်​သွန်​နီကို အခွံခွာပြီး အလုံးလိုက်​ ​ရေ​ဆေးပြီးမှ ထက်ခြမ်းလှီးကာ ခပ်​ထူထူလှီးပေးပါ
  5. ပန်းကန်​တခုထဲမှာ ပုဇွန်​ ကြက်​သွန်​နီနှင့်​ သံပုရာရည်​ညှစ်​ကာ အချိုမှုန့်​ထည့်​ပြီး ခပ်​ဖွဖွနယ်​ပါ
  6. နယ်​ပြီးတာနဲ့ အရသာမြည်း၍ လိုသလိုပြင်​ကာ ပုဇွန်လှော်သုပ်မွှေးမွှေးလေးကို ငရုတ်​သီးစိမ်း စပ်​စပ်လေးနှင့်​ တွဲဖက်​၍ စားနိုင်​ပါပြီ။

No comments:

Post a Comment