Tuesday 11 July 2017

ရွှေဖရုံညွန့် ကြော်ချက်




မနေ့က ဈေးသွားတာ ရွှေဖရုံညွန့်လေးတွေ ရလာတာနဲ့ ရွှေဖရုံညွန့်ကြော်ချက်လေး သတ်သတ်လွတ် ချက်ဖြစ်ပါတယ် လွယ်ကူမြန်ဆန်ပြီး ၀ါတွင်းကာလ သတ်သတ်လွတ်စားဖို့ အဆင်ပြေတဲ့အတွက် ချက်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ရွှေဖရုံညွှန့် -  လက်တစ်ဆုတ်စာ တစ်စည်း
  2. ကြက်သွန်နီ - အနေတော်တစ်လုံး
  3. ကြက်သွန်ဖြူ  - အမွှာကြီးကြီး တစ်မွှာ
  4. ဆီ - ထမင်းစားဇွန်း တစ်ဇွန်းခွဲ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  6. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  • ရွှေဖရုံညွှန့်ကို အမွှေးမြှင်လေးတွေနှင့် အကြောများ ကုန်အောင် သန့်စင်ပေးကာ ရေဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီးမှ ခပ်ပါးပါး လှီးထားပါ 
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပေးပါ
  • ဆီပူလာတာနဲ့ နနွင်းမှုန့်ထည့်ပြီး ကြက်သွန်ဖြူနှင့် ကြက်သွန်နီတို့ကို နွမ်းရုံလေးဘဲ ဆီသတ်ပေးပါ
  • ပြီးတာနဲ့ ရွှေဖရုံညွန့် ဆား အချိုမှုန့်တို့ထည့်ပြီး မွှေပေးပါ
  • အိုးအဖုံးကို မဖုံးဘဲ ကြော်ပေးကာ အညွန့်များ အနည်းငယ် နွမ်းတာနဲ့ အရသာမြည်းပြီး ရေအနည်းငယ်ထည့်ကာ အရသာကို လိုသလို ပြင်ပေးပါ
  • အရသာ အနေတော် ရပြီဆိုတာနဲ့ ငရုတ်ကောင်းမှုန့် အနည်းခပ်ပြီး သမအောင် မွှေပေးပါ
  • အိုးအဖုံးဖုံးပါက အရွက်များ အရောင်ပြောင်းသွားတတ်တဲ့အတွက် အဖုံးမဖုံးဘဲ ကြော်ပေးပါ
  • ကြော်ချိန် မကြာတဲ့အတွက် စားကာနီးမှ ကြော်ပေးတာ အကောင်းဆုံးပါ။

1 comment:

  1. အရမ်းကြိုက်။
    အိုင်အိုရာ

    ReplyDelete