Wednesday, 1 February 2017

ပြောင်းဖူးကြော် ချိုချိုလေး


ဒီနေ့တော့ ကလေးလူကြီး အကြိုက်ဖြစ်စေမဲ့ ပြောင်းဖူး​ကြော်​လေး ကြော်စားကြပါတယ် ကြော်ရတာ လွယ်ကူရိုးရှင်းသလောက် ထမင်းမိန်စေတဲ့ သတ်သတ်လွတ် ဟင်းလေးတမယ် ဖြစ်သလို ဒီအတိုင်းလေးလဲ စားလို့ကောင်းကာ ထမင်းပူပူလေးနဲ့လဲ လိုက်ဖက်တာမို့လို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပြောင်းဖူးနုနု - ၄ဖူး
  • ကြက်​သွန်​နီ​ - အသေး ၁လုံး
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • သကြား - လက်ဖက်ရည်ဇွန်း တ၀က်
  • ဆီ - ထမင်းစားဇွန်း ၅ဇွန်း
ပြင်ဆင်ပုံ
  • ပြောင်းဖူးကို အခွံခွာပြီး အဖူးလိုက် ရေးဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ ဓါးပြတ်ပြတ်နှင့် ခပ်ပါးပါး လှီးချပေးပါ
  • ကြက်​သွန်​နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးပြီး ခပ်ပါးပါး နုတ်နုတ်လေးတွေ လှီးပေးပါ 
  • ဒယ်​အိုးတလုံးမှာ ဆီထည့်ပြီး အပူ​ပေးပါ 
  • ဆီပူတာနဲ့ ကြက်​သွန်​နီကို ထည့်ကြော်ပါ
  • ကြက်သွန်နီ မွှေးလာတာနဲ့ လှီးထားသော ပြောင်းဖူး​နှင့် ဆား သကြားများကို ထည့်​​ကြော်​ပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ရေအနည်းငယ်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် အိုးကိုလှုပ်လှုပ်ပေးပြီး ရေခမ်းပြီ ဆိုတာနဲ့ သမအောင် မွှေပေးပါ
  • ရေခမ်းပြီး ဆီပြန်တဲ့အထိ ကြော်ပေးကာ အရသာမြည်း၍ လိုသလိုပြင်ကာ မီးပိတ်ပေးပါ
  • ချိုအိပြီး မွှေးနေတဲ့ ပြောင်းဖူးကြော်လေးကို နှစ်သက်သလို စားသုံးနိုင်ပါပြီ။


No comments:

Post a Comment