Saturday, 18 February 2017

သရက်သီး ဆားရည်စိမ်ထောင်း စပ်စပ်လေး





ဒီတခါတော့ ထမင်းစား မိန်စေမဲ့ သရက်သီးဆားရည်စိမ်ကို ပုဇွန်ထုတ်နဲ့ ခပ်စပ်စပ်လေး ထောင်းဖြစ်လို့ ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • သရက်သီး ဆားရည်စိမ် - အနေတော် ၂လုံး
  • ကြက်သွန်နီ - အနေတော် တလုံး
  • ပုဇွန်ပြုပ်ပြီးသား - ၇ကောင်ခန့်
  • ငရုတ်သီးအလှော်မှုန့် - စားနိုင်သလောက်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
ပြင်ဆင်ပုံ
  • သရက်သီး ဆားရည်စိမ်ပြီးသားကို ရေဆေးပြီး ဓါးပြတ်ပြတ်နှင့် လိုက်ပေါက်ပေးပါ
  • တလုံးလုံး အပြည့်လိုက်ပေါက်ပြီးတာနဲ့ ခပ်ပါးပါးလေးတွေ လှီးချပေးပါ
  • ကြက်သွန်နီကို အခွံခွာကာ ရေဆေးပြီး ခပ်ပါးပါး လှီးပေးထားပါ
  • ပုဇွန်ထုတ်ကို ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် ပြုပ်ပေးကာ အခွံခွာထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ဇလုံ သို့မဟုတ် ငရုတ်ဆုံကြီးကြီးထဲမှာ ပါဝင်ပစ္စည်း အားလုံးကို ထည့်ပြီး ထောင်းပေးပါ
  • အရမ်းညက်နေအောင် ထောင်းစရာမလိုဘဲ သမသွားအောင် ခပ်ဖွဖွလေး ထောင်းပေးရင် ရပါပြီ
  • သရက်သီး ဆားရည်စိမ်က အငံပါပြီးသားဖြစ်တဲ့အတွက် အငံထည့်စရာမလိုပါ
  • ပန်းကန်တခုထဲ ပြောင်းထည့်ပေးပြီး ချဉ်ငံစပ်အရသာပါဝင်တဲ့ သရက်သီးဆားရည်စိမ်ထောင်းလေးကို ထမင်းပူပူလေးနှင့် စားသုံးရန် ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment