Tuesday 21 February 2017

မုံလာဥနီကြော်





နွေရာသီရဲ့ အပူတွေကို အံတုရင်း နေ့လည်နေ့ခင်း အပြင်းပြေ မုံလာဥနီ ကြွတ်ကြွတ်လေး ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. မုံလာဥနီ  - ခပ်ကြီးကြီး တစ်လုံး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် တစ်ဝက်
  4. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  5. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက် 
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး

ကြော်ဖို့ပြင်ပါမယ်
  • တန်ပူရာမှုန့် နနွင်းမှုန့် ဆား အချိုမှုန့်တို့ကိုရေနဲ့ရောပြီး သမအောင်မွှေကာ ခပ်ပျစ်ပျစ်ဖျော်ထားပါ
  • မုန်လာဥနီကို အခွံခွာပြီး အလုံးလိုက် ရေဆေးပြီး ပါးပါးလှီးပေးထားပါ
  • အရသာနယ်ထားသော မုန့်နှစ်ထဲမှာ မုန်လာဥနီကိုထည့်ပြီး နယ်ထားပါ
  • ပန်းကန်ပြားပြန့်ပြန့်လေးပေါ်သို့ မုန့်နှစ်လူးထားသော မုန်လာဥနီမုန့်နှစ်လူးကို ဇွန်းနှင့်တခုခြင်းဆယ်ကာ ဆီပူအိုးထဲ ထည့်ပြီး ပေးပါ
  • ဆီကို မီးအပူပေးပြီး ဆီပူပြီး ကျက်လာပါက မီးကိုအနေတော် လျှော့ပေးကာ မုန်လာဥနီကို အသာတွန်းချပြီး ကြော်ပေးပါ
  • မီးအရမ်းမများစေရန် သတိပြုပြီးကြော်ပေးပါ 
  • တစ်ဖက်ရွှေဝါရောင် သန်းလာပါက တစ်ဖက်ကို လှန်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင် သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါက မုန်လာဥနီကြော် မွှေးမွှေး ကြွတ်ကြွတ်လေး ရပါပြီ။

No comments:

Post a Comment