Saturday, 11 February 2017

ချဉ်ငံစပ် ကြက်သား ပဲကြာဇံသုပ်



ဒီနေ့တော့ ချဉ်ငံပြီး စပ်နေတဲ့ အလွန်အရသာရှိသော ပဲကြာဇံသုပ်ကို သုပ်စားဖြစ်လို့ လူတိုင်း ကြိုက်နှစ်သက်ကြမယ် ထင်တဲ့အတွက် ဆီမပါဘဲ သုပ်လိုက်တဲ့ ပဲကြာဇံသုပ် အရိုင်းသုပ်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲကြာဇံအခြောက် - လက်တဆုတ်စာ သာသာ
  • ကြက်ရင်ပုံသား - အနေတော် တခု
  • ကြက်သွန်နီ - အနေတော် တဥ
  • ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တ၀က်
  • ကြက်သွန်မိတ် - အနေတော် တပင်
  • မုံလာဥနီ - အနေတော် တဥ
  • သံပုရာသီး - လိုသလောက်
  • ငံပြာရည် - လိုသလောက်
  • အရသာမှုန့် -လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
ပြင်ဆင်ပုံ
  • ကြက်သားကို ဆားနှင့်နယ်ကာ ရေမြုပ်အောင်ထည့်ပြီး ပြုပ်ပေးပါ
  • ရေခမ်းပါက ပုံပါအတိုင်း မွှထားပေးပါ
  • ပဲကြာဇံကို ရေမြုပ်အောင်ထည့်ပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ရေစိမ်ပြီးသော ပဲကြာဇံကို ရေစစ်ပြီး ရေနွေးဆူဆူ လောင်းထည့်ပေးပြီး ၃မိနစ်လောက်ထားကာ ရေအေးနှင့်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးက ခပ်ပါးပါး လှီးပေးထားပါ
  • မုံလာဥနီကို အခွံခွာကာ အလုံးလိုက် ရေဆေးပြီး ခပ်ရှည်ရှည် ခြစ်ထားပေးပါ
  • ကြက်သွန်မိတ်ကို ရေဆေးပြီး ခပ်သေးသေးလေးတွေ လှီးပေးထားပါ
  • သံပုရာသီးကို ရေဆေးပြီး လိုသလောက် စိတ်ပေးထားပါ
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုတာနဲ့ ဇလုံတခုထဲမှာ ပါဝင်ပစ္စည်းများထည့်ကာ သံပုရာရည်ထည့်ပြီး ခပ်ဖွဖွနယ်ပေးပါ
  • အားလုံး သမသွားပြီဆိုတာနဲ့ အရသာမြည်း၍ လိုသလိုပြင်ပေးကာ ပဲကြာဇံသုပ် ချဉ်ငံစပ်လေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment