Saturday, 25 February 2017

ချဉ်ငံစပ် ပဲပုတ်ထောင်း မွှေးမွှေးလေး



ထမင်းများ ဆာလာတဲ့အခါ အသားဟင်းမပါဘဲ အခုလို ပဲပုတ်ထောင်းလေးနဲ့လဲ မိန်တတ်တာပါဘဲ ဒါကြောင့်မို့ လွယ်ကူမြန်ဆန် ပဲပုတ်ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပဲပုတ်ပြား - ၅ချပ်
  • ငရုတ်သီးစိမ်း - စားနိုင်သလောက်
  • ဆား - အနည်းငယ် 
  • အချိုမှုန့် - အနည်းငယ်
  • နံနံပင် - နှစ်သက်သလောက်
  • သရက်သီးအစိမ်း - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
ပြင်ဆင်ပုံ
  • ပဲပုတ်ကို ကြွတ်သွားတယ်ဆိုရုံလေး ကင်ပေးပါ
  • ငရုတ်သီးစိမ်းကို အညှာဖြုတ်ပြီး ရေဆေးကာ နွမ်းသွားအောင် လှော်ပေးပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
  • နံနံပင်ကို ရေဆေးပြီး အနေတော် ပိုင်းဖြတ်ထားပါ
  • သရက်သီးကို အခွံခွာပြီး ရေဆေးကာ ဓါးနှင့် ပေါက်ပြီး လှီးထားပါ
  • အားလုံးအဆင်သင့်ဖြစ်တာနဲ့ ပဲပုတ်ကို အရင်ဆုံး မညက်တညက် ထောင်းပေးပါ
  • ပြီးတာနဲ့ ငရုတ်သီးစိမ်း ပေါက်ထားသော သရက်သီးစိမ်း နှင့် ကြက်သွန်ဖြူကို ထည့်ထောင်းပေးပါ
  • အားလုံးညက်ပြီဆိုတာနှင့် ဆား အချိုမှုန့်နှင့် နံနံပင်တို့ထည့်မွှေပေးကာ အရသာမြည်းပြီး လိုသလိုပြင်ပေးကာ ထမင်းပူပူလေးနှင့် စားသုံးရန် ချဉ်ငံစပ် ပဲပုတ်ထောင်း မွှေးမွှေးလေးကို ပြင်ပေးနိုင်ပါပြီ။

No comments:

Post a Comment