Monday, 6 February 2017

ဆယ်လ်မွန်ငါး အချဉ်ဆီပြန်ဟင်း


ဒီနေ့တော့ ဆယ်လ်မွန်ငါးကို အချဉ်ဆီပြန်ဟင်း ချက်ပါတယ် ငါးသလောက်လိုဘဲ စားလို့ကောင်းပြီး ထမင်းမိန်စေကာ စားလို့ကောင်းလွန်းတဲ့ ဟင်းတမယ်ပါ။

ငါးတွေကို အရသာနယ်ပြီး အစိမ်းချက်ရင် ဆီသတ်နိုင်ဖို့တော့ လိုပါတယ် ဆီသတ်မနိုင်တဲ့အခါ ငါးအသားက ပွယောင်းယောင်းကြီး ဖြစ်ကာ စားလို့မကောင်းသလို ညှီနံ့လည်းနံတတ်ပါတယ် ဒါကြောင့်မို့လို့ ငါးကိုဆီနိုင်နိုင် သတ်ပေးဖို့တော့ လိုပါတယ်။

ပါဝင်ပစ္စည်းများ

  • ဆယ်လ်မွန်ငါး - 500g
  • သံပုရာသီး - တခြမ်း
  • ကြက်သွန်နီ - အလုံးကြီးကြီး ၁လုံး
  • ကြက်သွန်ဖြူ အမွှာကြီးကြီး ၃မွှာ
  • ချင်း ခပ်ပါးပါး - ၂ပြား
  • ခရမ်းချဉ်သီး အလုံးကြီးကြီး ၄လုံး
  • ငရုတ်သီး​ အခြောက်​​တောင့်​ - ၅တောင့်ခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်းခွဲ
  • ဆား - လက်ဖက်ရည်ဇွန်းတ၀က်သာသာ
  • ဆီ - ဟင်းခတ်ဇွန်းကြီး ၁ဇွန်းခွဲ

ပြင်ဆင်ပုံ

  • ဆယ်လ်မွန်ငါး ခုတ်​သားကို ရေ​ဆေးပြီး သံပုရာရည် နနွင်းမှုန့် ငံပြာရည် အရသာမှုန့် ဆားအနည်းငယ်​တို့နှင့် နယ်​ပေးပါ
  • ချင်း ကြက်သွန်ဖြူနှင့် ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပေးပါ
  • ငရုတ်သီးတောင့်ကို ရေဆေးပြီး နာရီဝက်လောက် ရေစိမ်ထားပါ
  • ပြီးတာနဲ့ချင်း ကြက်သွန်ဖြူ နှင့်ကြက်သွန်နီနှင့်​ ရေစိမ်ထားသော ငရုတ်​​သီး အခြောက်​​တောင့့်တို့ ကိုရောထောင်းပေးပါ
  • ခရမ်းချဉ်သီးကို အလုံးလိုက် ရေဆေးပြီး  ခပ်ပါးပါးလှီးပေးပါ
  • ဇောက်နက်သော ဒယ်အိုးကို အပူပေးပါ
  • ဆီပူလာတာနဲ့ ထောင်းထားသော ငရုတ်သီးအရောကို ဆီပူပူမှာ ထည့်ပြီးကြော်ပေးပါ
  • ငရုတ်သီးနံ့သင်းလာတာနဲ့ ခရမ်းချဉ်သီးကို ထည့်မွှေပေးပါ
  • ခရမ်းချဉ်သီးများ ကျေပြီးအိလာတာနဲ့ အရသာနယ်ထားသော ငါးကို ထည့်ပေးပါ
  • ခရမ်းချဉ်သီးနှင့် ငါးတို့ကို လုံးမိအောင် အထက်အောင် ၃ခါလောက် မွှေပေးပြီး အဖုံးပိတ်ကာ တည်ပေးပါ
  • ဆီသတ်ထားချိန် အိုးမကပ်စေရန်နှင့် ငါးအသားများ ကျေမသွားစေရန် အိုးကိုလှုပ်လှုပ်ပေးပါ
  • ငါးအသား မာပြီးကျစ်လာမှ ရေမြုပ်အောင်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေမခမ်းခင် အရသာမြည်းပြီး လိုသလို ပြင်ပေးကာ ဆီပြန်အောင် တည်ပေးကာ မီးပိတ်ပေးပြီး စားသုံးရန် ပြင်ပေးနိုင်ပါပြီ ။

No comments:

Post a Comment