Wednesday 22 February 2017

ကညွှတ်ကြော်


မာမာ့အိမ်က ထမင်းဝိုင်းလေးမှာ အသီးအရွက်လေး တစ်မယ်ပါမှ ထမင်းစားလို့ မြိန်တတ်လေတော့ ဒီနေ့တော့ လွယ်ကူမြန်ဆန် ကညွှတ်ကြော်လေး ကြော်ဖြစ်လို့ မာမာကြော်တဲ့ ကြော်နည်းလေးကို မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကညွှတ် - ဆယ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
    ပုဇွန်ခြောက် - အကောင်နှစ်ဆယ်ခန့်

ပြင်ဆင်ပုံ
  1. ကညွှတ်အပင်ရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ပုဇွန်ခြောက်ကို ရေဆေးထားပါ
  4. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  5. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  6. ပြီးတာနဲ့ ပုဇွန်ခြောက်နှင့် ကညွှတ်များထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  7. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ကညွှတ်ကြော်ကို ပူပူနွေးနွေးလေး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment