Wednesday 24 February 2016

ပြည်တော်သာ မုန့်ပြားသလက် (မုန့်ရေပါး)







နေ့လည်နေ့ခင်း အပျင်းလဲပြေ စားလို့လဲကောင်းတဲ့ မုန့်လေးပါ ဒီမုန့်ကို အခေါ်အဝေါ်တွေက များလွန်းလို့ ခေါင်းစဉ်ကို ပြည်တော်သာ မုန့်ပြားသလက်လို့ဘဲ ရေးလိုက်ပါတယ်။

တချို့ကတော့ ပြည်တော်သာ မုန့်ပြားသလက် မုန့်ရေပါး ခြွေတာရေးမုန့် လမ်းသရဲခေါက်မုန့် ရေမုန့်ဆိုပြီး အမျိုးမျိုးခေါ်ကြပါတယ် ဒါပေမဲ့လဲ မာမာပြင်ဆင်ထားပြီး စားလို့ကောင်းလွန်းတဲ့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ ( မုန့်၅ခုစာအတွက်)

  1. ဆန်မှုန့် - ထမင်းပေါင်းအိုးဆန်ချင်ဗူး တစ်ဗူး
  2. ရေ. - ထမင်းပေါင်းအိုးဆန်ချင်ဗူး နှစ်ဗူး
  3. ချင်း - တလက်မလောက်ကို ထောင်းပြီး အရည်ညှစ်ယူပါ
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. အရသာမှုန့်. - လက်ဖက်ရည်ဇွန်း တစ်ဝက်
  6. ဆိုဒါ - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  7. အနေတော်လှီးထားသော ခရမ်းချဉ်သီး - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  8. ပဲပင်ပေါက် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးမောက်မောက်
  9. အနေတော်လှီးထားသော ကြက်သွန်မိတ် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံးစာ
  10. ပါးပါးလှီးထားသော ငရုတ်သီးစိမ်း - ၇တောင့်
  11. ပဲပြုပ် - တစ်ဆယ်သား
  12. ဆီ - လိုသလောက် သုံးပေးပါ

မုန့်နှစ်ရည်စပ်ရန်အတွက်
  • ဆန်မှုန့် ရေ ချင်းရည် အရသာမှုန့် ဆိုဒါ ဆားတို့ကိုရောပြီး မုန့်ရည်စပ်ထားပေးပါ
  • အနေတော်လှီးထားသော ကြက်သွန်မိတ်နှင့် ပဲပြုပ်တို့ကို မုန့်နှစ်ရည်ထဲမှာ ရောပြီးမွှေထားပါ
မုန့်လုပ်ရန်
  1. မုန့်လုပ်သော ဒယ်အိုးအပြားကို မီးအနေတော်နှင့် အပူပေးပါ
  2. အိုးပူလာပါက အိုးကိုဆီသုတ်ပေးပြီး မုန့်နှစ်ရည်ကို ယောက်ချိုဇွန်းဖြင့် မွှေခတ်ကာ အိုးထဲမှာ ဖြန့်ထည့်ပေးပါ
  3. ပြီးတာနဲ့ ပဲပင်ပေါက် ခရမ်းချဉ်သီး ငရုတ်သီးစိမ်းတို့ကို ပုံပါအတိုင်း ထည့်ပေးပါ
  4. မုန့်သားအပေါ်ကို ဆီသုတ်တံဖြင့် ဆီလိုက်သုပ်ပေးပါ
  5. ဆီသုပ်ပြီးတာနဲ့ အိုးအဖုံးကို  ခနလေးအုပ်ပေးပြီး ဘေးသားများ ကြွတ်လာတာနဲ့ မုန့်ဘေးသားများကို အစာပေါ်သို့ ပုံပါအတိုင်း ခေါက်တင်ပေးပါ
  6. အိုးအပူပေါ်မှာ မုန့်သားများ ပိုပြီးကြွတ်လာစေရန် ခနထားပြီးမှ ပန်းကန်တချပ်ပေါ် ပြောင်းတင်ပြီး ချဉ်ချဉ်စပ်စပ်မွှေးမွှေး မုန့် ပူပူလေးကို စားသုံးနိုင်ပါပြီ။

5 comments:

  1. Replies
    1. လုပ်ရတာ လွယ်တယ် ညီမလေးရေ

      Delete
  2. Soda မှုန့် ကဘာသုံးသင့်လဲစစ် !! Thz for sharing sis!!

    ReplyDelete