Saturday, 27 February 2016

သတ်သတ်လွတ် ထမင်းနယ်





တခါတရံ နေ့လည်နေ့ခင်း အစာပြေ ဘာလေးစားရင်ကောင်းမလဲ စဉ်းစားလိုက်တိုင်း ခပ်စိမ့်စိမ့် အစာလေးတွေ စားချင်ခဲ့မိတယ်
ဒါကြောင့်မို့ ဒီတခါတော့ အာလူးနဲ့ ခရမ်းချဉ်သီးကို ပြုပ်ပြီး အာလူးထမင်းနယ်လေး လုပ်စားဖြစ်သွားခဲ့ပါတယ် ထမင်းနယ်လေး လုပ်စားလိုက်တာ အင်မတန်မှ ခံတွင်းလိုက်တဲ့ ထမင်းနယ်တပွဲ ဖြစ်ခဲ့တာမို့ အာလူးထမင်းနယ်နည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ရေစင်အောင်ဆေးပြီး နူးနေအောင်ပြုပ်ထားသော အာလူး - အလုံးကြီးကြီး ၂လုံး
  • နူးနေမောင်ပြုပ်ထားသော ခရမ်းချဉ်သီး - အလုံးကြီးကြီး ၂လုံး
  • ဆန်  - ပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးကို ချက်ထားသော ထမင်း
  • ငရုတ်သီး အခြောက် - ၁၀တောင့်ခန့်
  • အခွံခွာထားသော ကြက်သွန်ဖြူ - ၅မွှာ
  • မညက်တညက်ထောင်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး ၅မွှာ
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆီ - ထမင်းစားဇွန်း ၁၀ဇွန်း
  • နနွင်းမှုန့်. - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ကြက်သွန်မိတ် သို့မဟုတ် ဂျူးမြှစ် - နှစ်သက်သလောက်
  • မြေပဲကြော် - နှစ်သက်သလောက်
  • ခေါပုတ် - နှစ်သက်သလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • လိုအပ်သော ပစ္စည်းများကို ပြင်ထားပါ
  • အာလူးကို အခွံခွာပြီး ကျေနေအောင် ချေထားပါ
  • ခရမ်းချဉ်သီးကို အခွံခွာပြီး အစေ့ထုတ်ထားပါ
  • ခေါပုတ်ကို မွှေးသွားအောင် မီးကင်ပေးပါ
  • မြေပဲကို ကြွတ်နေအောင်ကြော်ပြီး ဆီစစ်ထားပါ
  • ကြက်သွန်မိတ်များကို ရေဆေးပြီး ရေစစ်ထားပါ
  • ငရုတ်သီးတောင့်များကိုကြော်ပြီး ဆီစစ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီနှင့်နနွင့်မှုန့်ကိုထည့်ပြီး ဆီပူလာပါက ထောင်းထားသော ကြက်သွန်ဖြူကို ကြော်ပေးပါ
  • ကြက်သွန်ဖြူများ ရွှေဝါရောင်သန်းလာရင် ဆယ်ပြီး အအေးခံထားပါ

အာလူးထမင်းနယ်ရန် ပြင်ဆင်ပုံ
  • ဇလုံကျယ်ကျယ် တလုံးထဲမှာ ထမင်း အာလူး ခရမ်းချဉ်သီး ဆား အချိုမှုန့်တို့ကို စေးပိုင်လာအောင် နယ်ပေးပါ
  • အားလုံးကိုရောပြီးပါက ကိုယ်နှစ်သက်သလို ထမင်းကို ပုံဖေါ်ကာ ထမင်းအပေါ်မှ ကြက်သွန်ဖြူကြော် ဖြူးပါ
  • မြေပဲကြော် ခေါပုတ် ကြက်သွန်ဖြူ ကြက်သွန်မိတ် ငရုတ်သီးတောင့်ကြော်တို့နှင့်တွဲကာ အဆင်ပြေသလို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment