Monday, 29 February 2016

ကြက်သွန်ဖြူ ချင်းနှပ် ကြက်သားကြော် မွှေးမွှေးလေး





ဒီတခါတော့ သင်္ဘောသီး ချဉ်ရည်ဟင်းနဲ့ လိုက်ဖက်မဲ့ ကြက်သားကြော်လေး ပို့ခဲ့ပါပြီ ဒီကြော်နည်းလေးအတိုင်း  ကြော်မိတိုင်း ပုရစ်ကြော် အရသာကို တမ်းတမိတာတော့ အမှန်ပါ ပုရစ်ကြော်နဲ့ အရသာဆင်တဲ့ ချင်း ကြက်သွန်ဖြူနံ့ သင်းသင်းလေးနဲ့ ကြက်သားကြော်နည်းလေး မျှဝေလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ 

  • အရည်ခွံပါသော ကြက်ပေါင်ရင်းသား - ၂စုံ
  • ချင်း - ခပ်ပါးပါး ၂ပြား ထောင်းထားပါ
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ခနော ကြက်သားမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ကြက်သွန်ဖြူ  - ၅မွှာ ထောင်းထားပါ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် နှစ်လုံး
ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြက်သားကို ရေဆေးပြီး ရေခြောက်အောင်သုပ်ကာ ကြက်သားမှုန့် နနွင်းမှုန့် နှင့်ချင်းထောင်း တို့နှင့် နယ်ပြီး ဆယ့်ငါးမိနစ်လောက် နှပ်ထားပါ                  
  • ဆီကိုအပူပေးပါ ဆီပူလာက မီးကို အနည်းငယ်လျော့ပြီး မှ ကြက်သားကို ထည့်ကြော်ပေးပါ
  • အပေါ်ယံ အသားနည်းနည်းမာလာမှ တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကြော်နေစဉ် ကြက်သွန်နှင့် ချင်းဖတ်များ ဘေးကိုထွက်လာလျှင် အပေါက်ပါသော ဇွန်းဖြင့် ဆယ်ပြီး ဆယ်ထားပါ
  • တဖက်က ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကို လှန်ပြီးကြော်ပေးပါ
  • ကျန်တဲ့တဖက်လဲ ရွှေဝါရောင်သန်းလာပါက ဆယ်ပြီးဆီစစ်ပေးပါ 
  • အားလုံးကျက်သွားပါက ဆယ်ပြီးဆီစစ်ထားသော ချင်းနှင့် ကြက်သွန်ကြော်လေးများ ဖြူးပြီး စားသုံးရန်ပြင်ပေးပါ
  • အရည်ခွံ ကြွတ်ကြွတ်လေးနဲ့ ကြက်ကြော်လေးကို နှစ်သက်သလို သုံးဆောင်နိုင်ပါပြီ။

No comments:

Post a Comment