Thursday, 18 February 2016

ငါးဆုတ်ကြော်နှပ် မွှေးမွှေးလေး


မာမာဒီနေ့တော့ ဘာဆာငါးဆုပ်ကြော်လေးကို ခပ်ပျော့ပျောလေ့းကြော်ပြီး ကြက်သွန်အဖြူ ကြက်သွန်နီ ချင်းတို့နဲ့ ကြော်နှပ်လေး ပြန်ပြီး ကြော်ပေးထားပါတယ်  ငါးဖယ်မရှိလို့ ဘာဆာငါးလေးနဲ့ ကြော်ပေမဲ့ အချက်များများ ပေါက်ပေးနိုင်ရင် ငါးဖယ်ကြော်လိုဘဲ စားလို့ကောင်းပါတယ် ဒါကြောင့်မို့ မာမာကြော်ထားတဲ့ နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ
ငါးဆုတ်ကြော်အတွက် ငါးအရသာနယ်ရန် 
  • ဘာဆာငါး - သုံးဆယ့်ငါးကျပ်သား(နုတ်နုတ်စဉ်းပေးပါ)
  • ဆား - လက်ဖက်ရည်ဇွန်းတဝက်
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်းတဝက်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်းလေးပုံတပုံ (အားလုံကိုရောနယ်ပြီး ဇလုံကျယ်ကျယ်ထဲမှာ အချက် ၁၀၀လောက်ပေါက်ပေးပါ)

ငါးဆုတ်ကြော်ရန်
  • ဆီ - လက်ဖက်ရည်ပန်းကန်လုံး တလုံးခွဲ
  • ငါးပေါက်ပြီးသားကို အရင်ဆုံး ငါးဆုပ်ပုံစံလေးလုံးပေးပြီးမှ လက်ဝါးပေါ်တင်ကာ တင်ထားသောလက်၏ လက်မလေးဖြင့် လိုက်ပြားပေးပြီးမှ ဆီပူအိုးထဲသို့ တစ်ခါထဲ တန်းထဲ့ပြီးကြော်ပေးပါ
  • ကြော်နေစဉ် အကျက်ညီစေရန် ငါးဆုတ်လုံးကို လှည့်ပေးပါ
  • တခုလုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီး ဆီစစ်ထားပါ

ငါးဆုတ်ကြော်နှပ်အတွက် ပါဝင်ပစ္စည်းများ

  • ငါးဆုတ် - ၁၀ခု
  • ကြက်သွန်နီ - အနေတော် ၂လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  • ချင်း - လက်တဆစ်ခန့်
  • ငံပြာရည် - ထမင်းစားဇွန်း တဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တ၀က်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ဆီ - လက်ဖက်ရည် အကြမ်းပန်းကန် တ၀က်ခန့်

ပြင်ဆင်ချက်ပြုပ်ပုံ
  • ကြော်ထားသော ငါးဆုတ်ကို အအေးခံပြီး ခပ်ပါးပါးလှီးထားပါ
  • ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေစင်အောင်တေးကာ ပါးပါးလှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ခပ်ပါးပါးလှီးထားပါ
  • ချင်းကို အခွံခွာပြီး အမြှောင်းရှည်ရှည်လေးတွေ လှီးထားပါ
  • အားလုံး အဆင်သင့်ဖြစ်ပါက အောက်ခြေမကပ်သော ဒယ်အိုးကို အပူပေးကာ ဆီကို ထည့်ပေးပါ
  • ဆီပူလာပါက. နနွင်းမှုန့်ထည့်ပြီး ကြက်သွန်အဖြူ ကြက်သွန်အနီ ချင်းတို့ကို မွှေးသွားအောင် ကြော်ပေးပါ
  • ပြီးတာနဲ့ လှီးထားသော ငါးဆုတ်နှင့် အရသာမှုန့် ငံပြာရည်တို့ထည့်မွှေပေးပြီး မီးပိတ်ပေးပါ
  • မွှေးပျံ့သော ငါးဆုတ်ကြော်နှပ်လေးရပါပြီ

No comments:

Post a Comment