Saturday, 20 February 2016

ကြက်သား ဖက်ထုတ်ဟင်းချို


ဒီနေ့ ပြုပ်သောက်ကြတဲ့ ဖက်ထုတ်ဟင်းချိုလေးပါ လုပ်ရတာ နဲနဲလေး လက်ဝင်ပေမဲ့ သောက်ရတာတော့ တော်တော်ကောင်းပါတယ်။

ရာသီဥတုကလဲ ပူလိုက်အေးလိုက်နဲ့မို့ ဒီနေ့မိုးအုံ့အုံ့လေးမှာ ဟင်းရည်ပူပူလေး ချက်သောက်ကြမယ်လို့ ပြောလိုက်တာ ဖက်ထုတ်ဟင်းချို သောက်ချင်တယ် ဆိုလာလေတော့ မမောနိုင် မပန်းနိုင် ချက်လိုက်မိပါတယ် အထဲက အစာကတော့ နှစ်သက်သလိုလေးတွေထဲ့ပြီး ထုတ်ထားပါတယ်။

ဖက်ထုတ်အတွက် ပါဝင်ပစ္စည်းများ
  • အသားထွင်ပြီး နုတ်နုတ်စင်းထားသော ကြက်ပေါင် - 300g
  • ပါးပါးလှီးထားသော ဂဏန်းချောင်း - နှစ်ချောင်း
  • ပါးပါးလှီးထားသော ကြက်သွန်မိတ် - တပင်
  • ရိတ်ရိတ်လှီးထားသော ကြက်သွန်နီ  - တဥ
  • ခပ်သေးသေးလှီးထားသော မုံလာဥနီ - တဥ
  • ပဲစိမ်းသီး - လက်ဖက်ရည်ပန်းကန်း တလုံး
  • ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တဝက်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်
  • ညက်နေအောင်ထောင်းထားသော ချင်း - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ညက်နေအောင်ထောင်းထားသော ကြက်သွန်ဖြူ - နှစ်မွှာ
  • နှမ်းဆီ - လက်ဖက်ရည်ဇွန်း တ၀က်
  • သကြား - ထမင်းစားဇွန်း တဇွန်း
  • ကော်မှုန့် - ထမင်းစားဇွန်း တဇွန်း
  • ဝမ်တုံရွက် - ၂၅ ရွက်
ဟင်းရည်အတွက် ပြင်ဆင်ရန်
  • ကြက်ရိုး - 200g 
  • ချင်း - ခပ်ပါးပါး ၅ပြား 
  • ဆား - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဟင်းချိုမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်းတို့နှင့် ရေ တရုတ်ဟင်းရည်သောက်ပန်းကန် ၂လုံးစာလောက်နှင့် ပြုပ်ပေးပါ
  • အရိုးမှ အချိုရည်များ ထွက်လာပြီး ဟင်းရည် တရုတ်ဟင်းရည်သောက် ပန်းကန် တလုံးခွဲစာ သာသာရအောင် ပြုပ်ပေးထားပါ
  • မုန့်ညှင်းစိမ်းကို ၂ပင်ကို အနေတော် ဖြတ်ပေးထားပါ
ပြင်ဆင်ပုံ
  • အဆင်သင့် ပြင်ဆင်ထားသော ပစ္စည်းများကို ဇလုံတခုထဲမှာ သမအောင် မွှေပေးပါ
  • ၀မ်တုန်ရွက် တရွက်ခြင်းဆီထဲကို အရသာနယ်ထားသော အစာများ ထမင်းစားဇွန်း တဇွန်းခန့်ထည့်ပါ
  • အစာထည့်ပြီးသော ၀မ်တုန်ရွက်ကို နှစ်သက်သလို ပုံစံလေးများ ထုတ်ပေးပါ
  • ပွက်ပွက်ဆူနေသော ကြက်ရိုးပြုပ်အိုးထဲသို့ မုန့်ညှင်းစိမ်းနှင့် ဖက်ထုတ်များ ထည့်ကာ ၄မိနစ်လောက် ပြုပ်ပေးပါ
  • ပြီးတာနဲ့ ဟင်းရည်ကို အရသာမြည်းပြီး လိုသလိုပြင်ကာ ကြက်သွန်မိတ်ဖြူး၍ သောက်နိုင်ပါပြီ။



No comments:

Post a Comment