Tuesday, 23 February 2016

ဆိတ်သား ခဘတ်

 




ပလာတာ နံပြား ပေါင်မုန့် ချာပါတီ ထမင်းပူပူလေးနဲ့ လိုက်ဖက်တဲ့ ဆိတ်သားခဘတ် ချက်နည်းလေး မျှဝေလိုက်ပါတယ်


ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 250g
  • ကြက်သွန်နီ - အနေတော် ၅လုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ခရမ်းချဉ်သီး - အနေတော် ၄လုံး
  • ငရုတ်သီးစိမ်း - အတောင့်ကြီးကြီး ၇တောင့်
  • သံပုရာသီး - တခြမ်း
  • ချင်း - လက်တဆစ်ခန့်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • ဆား - လက်ဖက်ရည်ဇွန်း တ၀က်
  • မဆလာ - လက်ဖက်ရည်ဇွန်း ၁ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • နွားနို့ - ထမင်းစားဇွန်း ၃ဇွန်း
  • ဆီ - ဟင်းခပ်ဇွန်းကြီး ၂ဇွန်း
ပြင်ဆင်
  1. ဆိတ်သားကို အတုံးလိုက် ရေဆေးပြီး ခပ်ပါးပါးလှီးထားပါ
  2. လှီးထားသော ဆိတ်သားကို ဆား နနွင်း အရသာမှုန့်နှင့် သံပုရာရည် နွားနို့နှင့်နယ်ကာ အနည်းဆုံး တနာရီလောက် နှပ်ထားပါ
  3. ကြက်သွန်နီများကို အခွံခွာပြီး အလုံးလိုက် ရေဆေးထားပါ
  4. ကြက်သွန်ဖြူများကို အခွံခွာပြီး ရေဆေးက ခပ်နုတ်နုတ်စဉ်းထားပါ
  5. ကြက်သွန်နီ နှစ်လုံးကို ခပ်နုတ်နုတ်လှီးထားပါ
  6. ကျန်သော ကြက်သွန်နီ ၃လုံးကို လက်တလုံးခန့် အဖတ်လေးများ လှီးထားပါ
  7. ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ
ဟင်းချက်ရန်

  • ဇောက်နက်သော အိုးကိုအပူပေးပါ
  • အိုးပူလာပါက ဆီထည့်ပြီး ဆီကိုအငွေ့တက်လာအောင် တည်ပါ
  • ဆီပူလာတာနဲ့ ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းနှင့် ငရုတ်သီးစိမ်းထောင်းပြီးသားတို့ကို မွှေးလာတဲ့ထိ ဆီသတ်ပေးပါ
  • ငရုတ်သီးနံ့ မွှေးလာတာနဲ့ အရသာနယ်ထားသော ဆိတ်သားကို ထည့်ပြီး ဆီသတ်ပါ
  • ဆီသတ်စဉ် အသားများကို မကြာမကြာ မွှေပေးပါ
  • ၈မိနစ်လောက်ကြာအောင် ဆီသတ်ပြီးမှ အသားနူးစေရန် ရေမြုပ်အောင်ထည့်ပြီး အဖုံးအုပ်ကာ တည်ပေးပါ
  • ရေမခမ်းခင် အဖတ်လေးများ လှီးထားသော ကြက်သွန်နီ ခရမ်းချဉ်သီးနှင့် မဆလာတို့ကို ထည့်မွှေ၍ ရေခမ်းပြီး ဆီပြန်အောင် တည်ပေးပါ
  • ဆီပြန်လာပါက အရသာမြည်းကာ လိုသလိုပြင်ပြီး ပေါင်မုန့် ပလာတာ ချာပါတီ ထမင်းပူပူတို့နှင့် နှစ်သက်သလို တွဲဖက်ပြီး သုံးဆောင်နိုင်တဲ့ ဆိတ်သားခဘတ် ခပ်စပ်စပ်လေး ရပါပြီ။
ဆိတ်သားအစား အမဲသား သိုးသားတို့နှင့်လည်း ဤနည်းအတိုင်း ချက်နိုင်ပါတယ်

No comments:

Post a Comment