Monday, 22 February 2016

ထမနဲစိမ့်စိမ့် မွှေးမွှေးလေး







ထမနဲထိုးနည်းကို အစာလေးတွေ ထပ်ပြင်ထဲ့ပြီး ထိုးထားတဲ့နည်းလေး မျှဝေလိုက်ပါတယ် ပိုပြီးစားကောင်းတဲ့အတွက် ထမနဲထိုးပြီး စားမယ်ဆိုရင် ဒီနည်းအတိုင်းထိုးစားတာ အရသာပိုရှိပြီး အနံ့လဲ ပိုမွှေးတဲ့အတွက် နှစ်သက်ကြမယ်လို့ ထင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ကောက်ညှင်းဆန်  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • အုန်းသီး - အနေတော် တလုံး
  • ချင်း - ၂လက်မ
  • နှမ်းမဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တ၀က်မရှိတရှိ
  • ဆား - လဖက်ရည်ဇွန်း တ၀က်သာသာ
  • မြေပဲ - ထမင်းပေါင်းအိုး ဆန်ချင်ဗူးတဗူး
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တဗူးခွဲ
ထမနဲ ထိုးနည်းလေးပြောပါမယ်
  • ကောက်ညှင်းဆန်ကို ရေဆေးကာ နာရီဝက်လောက် ရေစိမ်ထားပါ
  • ချင်းကို အခွံခွာကာအချပ်လိုက် ပါးပါးလှီးပြီး အမြှောင်းလေးတွေရအောင် ထပ်လှီးပေးပါ
  • လှီးထားသော ချင်းကို ဆီပူပူမှာ ကြော်ပြီး ၀ါရောင်သန်းလာရင် ဆယ်ပြီးဆီစစ်ထားပါ
        •  
  • အုန်းသီးတခြမ်းကို ခပ်ပါးပါး အစိတ်လေးများရအောင် ထိုးထားပြီး တ၀က်ကို ဒီအတိုင်းထားပါ
  • ကျန်တ၀က်ကို အနေတော်စိတ်ကာ ဆီနှင့်ရွှေဝါရောင် ရအောင်ကြော်ပြီး ဆယ်ထားပါ
  • ကျန်သော အုန်းသီးတခြမ်းကို အုန်းခြစ်နှင့်ခြစ်ပြီး ဆီပူမှာ နီရောင်သန်းအောင်ကြော်ပြီး ဆီစစ်ထားပါ
  • နှမ်းမဲကို ကျက်အောင်လှော်ပြီး အဆင်သင့်ပြင်ထားပါ
  • မြေပဲကို ကျက်အောင်လှော်ပြီး အခွံချွတ်ထားပါ ( လှော်ပြီးသား သုံးလဲရ )
  • အားလုံးအဆင်သင့် ဖြစ်ပြီဆိုရင် အုန်းသီးကြော် နှမ်းကြော် ချင်းကြော်ထားသောဆီကို မကပ်သောအိုး ဇောက်နက်နက်နဲ့ပူလာအောင် တည်ပေးပါ
  • ဆီပူလာတာနဲ့ကောက်ညှင်းဆန်ကို ရေစစ်ပြီးထဲ့ကြော်၍ ကြော်နေစဉ် မကပ်အောင် မွှေမွှေပေးပါ
  • ဆန်သားကွဲပြီး ဆန်သားကြည်လာတာနဲ့ ရေမြုပ်အောင်ထဲ့ပြီး မွှေပေးပါ
  • ပထမ တရည်ခမ်းအောင် မွှေပေးပြီး နောက်တရည် မြုပ်အောင်ထဲ့ပြီး ဆက်တိုက်မွှေပေးပါ
  • ရေခမ်းကာနီး ဆီသားတက်လာပြီဆိုတာနဲ့ အုန်းသီးစိမ်း အုန်းသီးကြော် မြေပဲ ချင်း ဆား နှမ်းမဲတို့ကို တမျိုးဆီထည့်ပြီး မွှေပါ
  • မွှေနေရင်းက ရေခမ်းလာပြီး ဆီသား ကြွတ်ကြွတ်မြည်ကာ ဆီအကုန်တက်လာပြီဆိုတာနဲ့ ထမနဲမွှေးမွှေးလေး ရပါပြီ
  • တာရှည်ခံရန် ထမနဲထိုးစဉ် ထွက်လာသော ဆီနှင့်ထမနဲကို မြုပ်အောင်ထဲ့ပြီး ရေခဲသေတ္တာထဲ ထည့်ထားပြီး စားနိုင်ပါတယ်
  • ထမနဲကိုအအေးခံပြီး ကြော်ထားသော အုန်းသီးမှုန့်ဖြူးကာ စွဲမက်စရာကောင်းလွန်းတဲ့ ထမနဲမွှေးမွှေးလေးကို စားသုံးနိုင်ပါပြီ။

No comments:

Post a Comment