Friday 26 February 2016

ဆိတ်သား မဆလာ အစပ်ကြော်



ဒီနေ့တော့ ဆိတ်သားကို ခပ်စပ်စပ်လေး ကြော်ပါတယ် ဒီဟင်းချက်နည်းက အမဲသားနဲ့ချက်တဲ့ တရုတ်ဟင်းလျာ ချက်နည်း တစ်မျိုးပါဘဲ မာမာက ဆိတ်သားနဲ့ချက်ထားပြီး စားကောင်းလွန်းတဲ့  မဆလာ အစပ်ကြော်နည်းလေး မျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • ဆိတ်သား - 500 g
  • သံပုရာသီး - အနေတော် တစ်ခြမ်း
  • ငရုတ်သီး - လုံးခြမ်းကွဲ ထမင်းစားဇွန်း တစ်ဇွန်းမောက်မောက်
  • ချင်း - လက်မ၀က်ခန့်
  • ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  • မဆလာ - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  • ဆီ - ထမင်းစားဇွန်း ဆယ့်ငါးဇွန်း
ပြင်ဆင်ပုံ

  1. ဆိတ်သားကို လက်၃လုံးလောက် အထူ အနေအထား ရအောင်လှီးထားပါ
  2. လှီးထားသော ဆိတ်သားကို သံပုရာရည်ညှစ်ပြီး နယ်ထား၍ ၁၅မိနစ်လောက် နှပ်ထားကာ ပြီးတာနဲ့ ရေ ၂ထပ် ဆေးထားပါ
  3. ရေဆေးထားသော ဆိတ်သားကို ငရုတ်သီးမှုန့် ဆား နနွင်း အရသာမှုန့်တို့နဲ့ နယ်ထားပါ
  4. ချင်းကို အခွံခွာပြီး ညက်နေအောင် ထောင်းကာ အရည်ညှစ်ပြီး အသားထဲ ထည့်နယ်ထားကာ ရေခဲသေတ္တာထဲမှာ ၃နာရီလောက် နှပ်ထားပါ
  5. ဇောက်နက်သော အိုးတလုံကို အပူပေးပြီး ဆီထည့်ပါ
  6. ဆီအငွေ့တက်လာတာနဲ့အရသာနယ်ထားသော ဆိတ်သားကို ထည့်ကြော်လိုက်ပါ
  7. ကြော်ထားသော ဆိတ်သား မွှေးလာတာနဲ့ မီးအနည်းငယ်လျှော့ကာ ဆိတ်သားမာပြီး အရောင်ပြောင်းလာတဲ့ထိ၇ ကြော်ပေးပါ
  8. ငရုတ်သီးနံ့ မွှေးလာပြီး ဆိတ်သားနံ့မွှေးလာကာ ဆိတ်သားကျက်တာနဲ့ ဆိတ်သားမဆလာကြော် မွှေးမွှေးစပ်စပ်လေးကို စားသုံးရန် ပြင်ဆင်နိုင်ပါပြီ။
ဆိတ်သားအစား ၀က်သား အသားကောင်းကောင်း အမဲသား အသားကောင်းကောင်း သိုးသားတို့ကိုလဲ ဤကဲ့သို့ ချက်နိုင်ပါတယ်။

No comments:

Post a Comment