Monday 15 February 2016

ကိုက်လံ အဖူးကြော်


ဘလော့လေးဆီ မ၀င်ဖြစ်ခဲ့တာ တော်တော်လေး ကြာသွားပြီမို့လို့ သတိတရနဲ့ဒီနေ့တော့ တင်ပြီးသား ပုံဟောင်းလေးနဲ့ လာနူတ်ဆက်တာပါ သုံးနေကျ ကွန်ပြူတာလေး ပျက်နေပြီး ပုံတင်မရ ဖြစ်နေတာကြောင့်ပါ ကွန်ပြူတာ ပြင်ပြီးရင်တော့ ဟင်းလေးတွေ ပုံမှန်ပြန်တင်ဖြစ်မှာပါ။

ဒီနေ့တော့ အရမ်းချိုပြီး စားလို့ကောင်းတဲ့ ကိုက်လံအဖူးကြော်လေး ကြော်ဖြစ်လို့ မာမာ့ရဲ့ အိမ်ကြော် ကြော်နည်းအတိုင်း ကြော်ထားတာလေး မျှဝေလိုက်ပါတယ်။

ကိုက်လံအဖူးက နူးညံ့လွန်းတဲ့အတွက် ကြော်ရတာလဲ အရမ်းမြန်ပါတယ် ကိုက်လံအဖူးကို ခနောကြက်သားမှုန့်ထည့်ပြီး  ကြော်ထားတာမို့ အနံ့အရသာကတော့ သိပ်ကို ကောင်းပါတယ်။

ပါဝင်ပစ္စည်းများ

  1. ကိုက်လံအဖူး - ခွန်နှစ်ပင်
  2. ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  6. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်ု သုံးပုံတစ်ပုံ
  7. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်

ပြင်ဆင်ပုံ
  1. ကိုက်လံအဖူးရဲ့ ရင့်နေတဲ့ နေရာများကို အကြောသင်ပြီး အနေတော် ပိုင်းဖြတ်ကာ ရေစင်အောင် ဆေးပြီး ရေစစ်ထားပါ
  2. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ထားပါ
  3. ဒယ်အိုးကို အပူပေးပြီး ဆီနှင့် နနွင်းမှုန့်ထည့်ပါ
  4. ဆီအငွေ့ တက်လာတာနဲ့ ကြက်သွန်ဖြူကို နွမ်းရုံလေး ထည့်ကြော်ပါ
  5. ပြီးတာနဲ့ ကိုက်လန်အဖူးများထည့်ပြီး ဆားနှင့် အချိုမှုန့်ထည့်မွှေပါ
  6. နှစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ငရုတ်ကောင်းမှုန့် ဖြူးပြီး စားသုံးနိုင်ပါပြီ။

No comments:

Post a Comment