Thursday, 25 February 2016

ပူစီနံ ပုဇွန်လုံးကြော် မွှေးမွှေးလေး



အိမ်ရှင်မရဲ့ တနေ့တာ အိပ်ရာက နိုးတာနဲ့ ဘာချက်ရင် ကောင်းမလဲ ဘယ်လိုလေး စီစဉ်ရရင် ကောင်းမလဲ စဉ်းစားလိုက်တိုင်း မိသားစု အကြိုက်လေး ဦးစားပေး ချက်ရတာကလဲ သဘာဝ တခုလို ဖြစ်နေပါပြီ။

ပူစီနံနဲ့ပုဇွန်လုံး မွှေးမွှေးလေး ကြော်ဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ် ပူစီနံအနံ့မွှေးမွှေးလေးရယ် ပုဇွန်အရသာ ချိုလဲချိုလေးရယ် ပေါင်းစပ်ပြီး ကြော်ထားတဲ့ အရသာ ထူးလွန်းလို့ ကြော်စားကြည့်စေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  • ပုဇွန်ထုတ် - 370g
  • ကြက်သွန်နီ - အနေတော် တလုံး
  • ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
  • ချင်း - လက်တဆစ်ရဲ့တ၀က်
  • အရသာမှုန့် - လက်ဖက်ရည်ဇွန်း တဇွန်း
  • တန်ပူရာမှုန့် - ထမင်းစားဇွန်း တဇွန်း မောက်မောက်
  • ဆား  - လက်ဖက်ရည်ဇွန်း သုံးပုံတပုံ
  • ပူစီနံ - ၇ညွန့်ခန့်
  • နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
  • ဆီ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူး
  • ဆလတ်ရွက် - လိုသလောက်
ပြင်ဆင်ချက်ပြုပ်ပုံ
  • ပုဇွန်ကို အခွံခွာ အမြှီးဖြုတ် ခေါင်းဖြုတ်ပြီး ကြောဖက်မှ အရှည်လိုက်ခွဲပြီး အမဲကြောင်းကို ဖယ်ပေးပါ
  • အားလုံးပြီးလျှင် ရေတထပ်ဆေးပြီး ရေစစ်ထားပါ
  • ကြက်သွန်ဖြူ ကြက်သွန်နီကို အခွံခွာပြီး ရေဆေးထားပါ
  • ပုဇွန်ရေစစ်ပါက စဥ့်နီတုန်းပေါ်မှာချင်း ပုဇွန် အရသာမှုန့် ဆား နနွင်မှုန့် ကြက်သွန်ဖြူ ကြက်သွန်နီ ပူစီနံရွက်နှင့် ပြောင်းကော်မှုန့်တို့ထည့်ပြီး တောက်တောက်စဉ်းပေးပါ
  • အားလုံး နုတ်နုတ်စဉ်းလို့ပြီးပါက ထမင်းစားဇွန်း တဇွန်းစာယူပြီး ဆုတ်ကာလုံးပေးပါ
  • ဆီကိုအပူပေးပြီး ဆီပူလာပါက လုံးထားသော ပုဇွန်ကို မထည့်ခင် မီးကို အနေတော် ပြန်လျှော့ပေးပြီးမှ ပုဇွန်လုံးကို ထည့်ကြော်ပါ
  • တဖက်ကျက်တာနဲ့နောက်တဖက်လှန်ပြီး ဆက်ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါရောင်သန်းပါက ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်သွားပါ  ဆလတ်ရွက် နှစ်သက်ရာ အချဉ်နဲ့ စားသုံးနိုင်ပါပြီ။




No comments:

Post a Comment