အိမ်ပြောင်းဖို့ ပစ္စည်းတွေ သိမ်းနေတော့ ဈေးလဲမသွားနိုင် အိမ်မှာရှိတာတွေဘဲ ထုတ်ချက်လိုက် စားလိုက်လုပ်နေတာ ၂ပါတ်လောက် ရှိသွားခဲ့ပြီ။
ဒီနေ့တော့ ကောက်ညှင်းငချိတ်ကို အမှုန့်ကြိတ်ပြီး ဒိုလ်ဒိုလ်လို့ခေါ်တဲ့ မုန့်ကုလားမည်လေးး လုပ်စားဖြစ်လို့ မာမာပြင်ဆင်ထားတဲ့ မုန့်လုပ်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ကောက်ညင်းငချိတ်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး၂ ဗူး
- အုန်းနို့. - 400 ml
- သကြား - 250 g
- Ghee ထောပတ် - 150 g
- ဆား - လက်ဖက်ရည်ဇွန်း လေးပုံတပုံ
ပြင်ဆင်ပုံ
- ကောက်ညင်းငချိတ်ကို ကော်ဖီကြိတ်စက်ထဲထည့်ပြီး ကျေမှုန့်သွားသည်အထိ ကြိတ်ပေးပါ
- အားလုံးကြိတ်ပြီးတာနဲ့ ဇကာစိတ်စိတ်လေးနှင့် အမှုန့် စစ်ပေးပါ
- ဇလုံတစ်လုံးထဲမှာ ဇကာစစ်ထားသော ကောက်ညှင်းမှုန့် ဆား သကြားနှင့်အုန်းနို့တို့ကိုရောကာ သမသွားအောင် မွှေပေးပါ
- အားလုံးသမသွားပါက မိုက်ခရိုဝေ့ မီးဖိုသုံး ပန်းကန်ထဲမှာ ထည့်ပေးပါ
- အရင်ဆုံး မိုက်ခရိုဝေ့ မီးဖိုထဲမှာ ၅မိနစ်ထည့်ပြီး ချက်ပေးပါ
- ပြီးတာနဲ့ အပြင်ကို ခနထုတ်ပြီး သမအောင်မွှေပေးပါ
- မွှေပြီးတာနဲ့ နောက်ထပ် ၅မိနစ် ထပ်ထည့်ပေးပါ
- အချိန်ပြည့်တာနဲ့ အပြင်ထုတ်ပြီးမွှေကာ ထောပတ် ထည့်ပြီးမွှေပေးပါ
- အရသာ သမသွားတာနဲ့ နောက်ထပ် ၄မိနစ် မိုက်ခရိုဝေ့ မီးဖိုထဲ ထပ်ထည့်ကာ မုန့်သားရေခမ်းတဲ့အထိ တည်ပေးပါ
- မုန့်သားထဲမှာ ရေခမ်းလာပြီး ထောပါတ်ဆီများ ပြန်တက်လာပါက အပူခံသော ဗူးတခုထဲ ပြောင်းထည့်ပေးကာ မုန့်သားမျက်နှာပျင် ညီနေအောင် ယောင်းမဖြင့် လိုက်ညှိပေးပါ
- ပြီးတာနဲ့ မုန့်သားအေးအောင် အအေးခံပေးပြီးမှ ရေခဲသေတ္တာထဲမှာ တရက်လောက် အအေးခံပေးပါ
- နောက်နေ့ရောက်တာနဲ့ မုန့်သားလဲ ခဲနေပြီ ဖြစ်တဲ့အတွက် မိမိနှစ်သက်တဲ့ ပုံစံရလာအောင် လှီးပေးပါ
- နူးညံ့ပြီး မွှေးပျံ့နေတဲ့ ဒိုလ်ဒိုလ် (မုန့်ကုလားမည်း)မုန့်လေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment