နွေရာသီရောက်လေတော့ ထမင်းစား ပျက်လာသလိုလို ဖြစ်လာခဲ့တယ် ဒါကြောင့်မို့လို့ ဒီတခါမှာ တရုတိစတိုင်လ် ဆန်ပြားကြော်နည်းနဲ့ ကြော်စားဖြစ်လို့ ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ဆန်ပြားခေါက်ဆွဲ - 500 g
- ကြက်ရင်ပုံသား - 150 g
- ကြက်သွန်ဖြူ - အမွှာကြီးကြီး တစ်မွှာ
- ကြယ်သီးမှို - အနေတော် ငါးပွင့်
- ဂျပန်မှို - အခြောက် ငါးပွင့်
- ဘရော့ကိုလီ - ဆယ်ခက်ခန့်
- ပဲသီး - ငါးတောင့်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
- ဗနီကာ ထမင်းစားဇွန်း တစ်ဝက်သာသာ
- ဆီ - ထမင်းစားဇွန်း ရှစ်ဇွန်း
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ကြက်ဥ - တစ်လုံး
- သခွားသီး - ခပ်သေးသေး တစ်လုံး
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- သံပုရာသီး - တစ်ခြမ်ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ (သခွားသီးမှာနယ်ပေးရန်)
သခွားသီးအချဉ်တည်ရန်
- သခွားသီးကို ရေဆေးပြီး ခပ်ပါးပါး လှီးပေးပါ
- ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
- ပြီးတာနဲ့ ဇလုံတစ်လုံးထဲမှာသခွားသီးနှင့် ငရုတ်သီးစိမ်း ဆားအနည်းငယ်နှင့် သံပုရာညှစ်ပြီး နယ်ထားပါ
ပြင်ဆင်ပုံ
- ကြက်သားကိုရေဆေးပြီး ခပ်ပါးပါးလေးတွေ လှီးထားပါ
- ကြက်ဥကို ဇလုံထဲမှာ ဖောက်ထဲ့ပေးပြီး ခလောက်ထားပါ
- ဆန်ပြားခေါက်ဆွဲနှင့် ပါဝင်ပစ္စည်းများကို ပြင်ထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပြီး ခပ်သေးသေး လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ရေဆေးကာ မိမိနှစ်သက်သလို လှီးထားပါ
- ဂျပန်မှိုကို တစ်နာရီလောက် ရေစေိမ်ထားပြီး ရေဆေးကာ မထူမပါးလေးတွေ လှီးထားပါ
- ကြယ်သီးမှိုကို ရေဆေးပြီး မထူမပါးလေးတွေ လှီးထားပါ
- ဘရော့ကိုလီကို ရေဆေးပြီး အခက်လေးတွေ လှီးပေးပါ
- ပဲသီးကို အတောင့်လိုက် ရေဆေးကာ အနေတော် ခပ်စောင်းစောင်းလေးတွေ လှီးထားပါ
- ဇလုံတစ်လုံးထဲမှာ ဆား အရသာမှုန့် ဗနီကာ ပဲငံပြာရည်အကြည် ပဲငံပြာရည်အနောက် ခရုဆီနှင့် နှမ်းဆီတို့ကို အရသာ သမအောင် မွှေပေးထားပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ဒယ်အိုးထဲမှာ ဆီထည့်ပြီး အပူပေးပါ
- ဆီပူလာလျှင် လှီးထားသော ကြက်သားကို ထည့်ကြော်ပေးပါ
- ကြက်သားကျက်လောက်တာနဲ့ ကြက်သွန်ဖြူ ကို မွှေးလာရုံလေး ထ
ည့်ကြော်ပေးပါ - ပြီးတာနဲ့ လှီးထားတဲ့ ဘရော့ကိုလီ ပဲသီးနှင့် မုံလာဥနီ မှို နှင့် ဂျပန်မှိုတို့ကို အရင်ဆုံး ထည့်ကြော်ပေးပါ
- အသီးအရွက်များကို တစ်မိနစ် သာသာလောက်ဘဲ ကြော်ပေးပါ
- အသီးအရွက်များ အနည်းငယ်လေး နွမ်းသွားပါက ဆန်ပြားခေါက်ဆွဲနှင့် အရသာ စပ်ထားသော အရည်ကို ထည့်ကြော်ပေးပါ
- ပြီးတာနဲ့ အရသာ သမသွားအောင် မွှေပေးပါ
- အသီးအရွက်ကြော် ဖြစ်တဲ့အတွက် အရမ်းနွမ်းပြီး အသီးအရွက်များ အရောင်ပြောင်းတဲ့အထိ ကြော်စရာမလိုတဲ့အတွက် ခနဘဲကြော်ပေးပါ
- အရသာ သမလောက်ပြီ ဆိုတာနဲ့ အရသာ မြည်းပေးပြီး ပြင်ပေးပါ
- မိမိစိတ်ကြိုက် အရသာ ရပြီဆိုတာနဲ့ အိုးဘေးမှာ ခနတွန်းထားပြီး ခလောက်ထားတဲ့ ကြက်ဥကို ထည့်ပေးပါ
- ကြက်ဥကျက်တာနဲ့ ဆန်ပြားကြော်ထဲမှာ ရောမွှေပေးပြီးတာနဲ့ တရုတ်စတိုင်လ် ဆန်ပြားခေါက်ဆွဲကြော် ရပါပြီ
- ကြော်ပြီးတာနဲ့ ပူပူလူလူလေး သုံးဆောင်ပါက အရမ်းကို ကောင်းလွန်းတဲ့ ဆန်ပြားခေါက်ဆွဲကြော်ကို သခွားသီး အချဉ်နှင့် တွဲဖက်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment