Tuesday 27 December 2016

တရုတ်စတိုင်လ် ကြက်သား ချိုချဉ်ကြော်


ဒီနေ့တော့ ထမင်းလို့စားလို့ မြိန်စေမဲ့ ကြက်သားချိုချဉ်ကြော်လေးကို တရုတ်စတိုင်လေး ကြော်ဖြစ်လို့မာမာပြင်ဆင်ပြီး ကြော်ထားတဲ့ ကြော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1.  ကြက်ရင်ပုံသား - 150 g
  2. အနေတော် အတုံးလေးတွေ တုံးထားသော မုံလာဥနီ - အနေတော် တစ်ဥ
  3. အဖတ်လိုက် အနေအထားရအောင် လှီးထားသော ကြက်သွန်နီ - အနေတော် တစ်ဥ
  4. ဓါးပြားရိုက်ထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ထက်ခြမ်းခြမ်းကာ ခပ်ထူထူ လှီးထားသော ကြယ်သီးမှို  - ဆယ်ဖူး
  6. အရှည်လိုက် လှီးထားထေားသောချင်း - လက်တစ်ဆစ်ခန့်
  7. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
  9. ကော်မှုန့် - ထမင်းစားဇွန်း သုံးဇွန်း( ကြက်သားမှာ လူးရန်နှင့် ဟင်းချက်ရန် )
  10. ဂျုံမှုန့် - ထမင်းစားဇွန်း ငါးဇွန်း (အရသာ နယ်ထားသော ကြက်သားကို လူးပေးရန်)
  11. သကြားအညို - ထမင်းစားဇွန်း တစ်ဇွန်း
  12. ခရမ်းချဉ်သီးဆော့ - ထမင်းစားဇွန်း သုံးဇွန်း
  13. သံပုရာသီး - တစ်ခြမ်း
  14. ဆီ - လိုသလောက် သုံးပေးပါ (ကြက်သားကြော်ရန်)
  15. ဆီ - ထမင်းစားဇွန်း လေးဇွန်း (ချိုချဉ်ကြော်ရန် )

ကြက်သားအရသာနယ်ရန်
  • ကြက်သားကို အတုံးလိုက်ရေဆေးပြီး လက်နှစ်လုံးလောက် ခပ်ရှည်ရှည်လေးတွေ လှီးထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း တစ်ဇွန်း ဆား လက်ဖက်ရည်ဇွန်း တစ်ဝက် ငရုတ်ကောင်းမှုန့် လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ တို့ကို ရေနှင့် ခပ်ပျစ်ပျစ်ဖျော်ပေးပါ
  • အရသာ စပ်ထားသော မုန့်နှစ်ထဲမှာ လှီးထားသော ကြက်သားကိုထည့်ပြီး နယ်ပေးထားပါ
ကြက်သားကြော်ရန် ပြင်ဆင်ပုံ

  • ပထမဆုံး ဒယ်အိုးထဲမှာ ဆီထည့်ပြီး ဆီကိုအပူပေးပါ 
  • ဆီပူတာနဲ့ ကြက်သားကို ဂျုံမှုန့်ထဲမှာ လူးပေးပြီး တစ်တုံးခြင်း ထဲ့ကြော်ပေးပါ
  • ကြက်သားကို သုံးမိနစ်လောက် ကြော်ပေးကာ ဆယ်ပြီးဆီစစ်ပေးပါ

လိုအပ်သော ပစ္စည်းများ ပြင်ဆင်ပုံ
  • ကြက်သွန်ဖြူ ကြက်သွန်နီ ချင်းတို့ကို အခွံခွာပြီး ရေဆေးကာ လှီးပေးထားပါ
  • မုံလာဥနီနှင့် မှိုတို့ကို ရေဆေးပြီး လှီးထားပါ
  • ခရမ်းချဉ်သီးဆော့ ဆား သကြား ပဲငံပြာရည် ဆီ သံပုရာသီးတို့ကို ပြင်ထားပါ
  • ကော်မှုန့် ထမင်းစားဇွန်း နှစ်ဇွန်းကို ရေနှင့်ခပ်ကျဲကျဲလေး ဖျော်ထားပါ

ချိုချဉ်ကြော်ရန်ပြင်ဆင်ပုံ
  • ဒယ်အိုးထဲမှာ ဆေီထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ချင်း ကြက်သွန်နီ ကြက်သွန်ဖြူ မုံလာဥနီတို့ကို နှစ်မိနစ်လောက် ကြော်ပေးပြီး ဆယ်ထားပါ
  • ထိုအိုးထဲမှာဘဲ သကြား ဆား သံပုရာရည် ပဲငံပြာရည် ခရမ်းချဉ်သီးဆော့တို့ကို မီးအေးအေးနဲ့ ကျိုပေးပါ
  • အားလုံး အရည်ပျော်သွားတာနဲ့ ဖျော်ထားသော ကော်ရည်ကို ထည့်မွှေပေးကာ ပြစ်လာအောင် ကျိုပေးပါ
  • ကော်ရည် ပြစ်လာတာနဲ့ ကြော်ထားသော ကြက်သားကို သမအောင် ထည့်မွှေပေးပါ
  • ပြီးတာနဲ့ ကြော်ပြီးဆယ်ထားသော အသီးအရွက်များကို ရောမွှေပေးပါ
  • ကြက်သွန်များ အရမ်းနွမ်းမသွားအောင် မြန်မြန်ကြော်ပြီး မီးပိတ်ကာ အရသာမြည်းပြီး ပန်းကန်ထဲ ပြောင်းထဲ့ပေးပါ
  • အရသာရှိစွာ သုံးဆောင်နိုင်သော တရုတ်ဟင်းလျှာ ကြက်သားချိုချဉ် အစိမ်းကြော်လေး ရပါပြီ။

No comments:

Post a Comment