Saturday 24 December 2016

ဗနီလာကိတ်








နေတွေပူလွန်းတော့ အပြင်သွားရမှာလဲ ကြောက်နေမိတယ် ပူလွန်းတဲ့ နွေရက်တွေမှာ ဈေးဝယ်လဲ မထွက်ဖြစ်လေတော့ အိမ်မှာရှိတာတွေ ဆွဲထုတ်ပြီး ဒီနေ့တော့ ဗနီလာကိတ်လေး ဖုတ်လိုက်ပြန်ပါတယ် ကိတ်သားကတော့ လုပ်နေကျ ဂျုံမုန့်သားစပ်နည်းလေးဘဲ လုပ်ထားပါတယ်။

ပါဝင်ပစ္စည်းများ

  1. ဂျုံမှုန့် - 140 g 
  2. ထောပတ် -100 g
  3. Baking powder - 2.5 g
  4. ကြက်ဥ - နှစ်လုံး
  5. သကြား - 120 g
  6. နွားနို့ -150 ml
  7. ဗနီလာ အနံ့အရည်  - လက်ဖက်ရည် တစ်ဇွန်း

ပြင်ဆင်ပုံ
  • ဂျုံမှုန့်နှင့် baking powder ကို ရောမွှေ၍ ဇကာစိတ်စိတ်လေးနှင့် စစ်ထားပါ
  • ဇကာနှင့် ဂျုံစစ်ရာတွင် ဇကာဘေးဘောင်ကို လက်ဖနောင့်လေးနှင့် အသာရိုက်ပြီး  သေသေချာ လှုပ်ပေးခြင်းဖြင့် မုန့်သားပွစေရန် အထောက်အကူ ပြုစေပါတယ်
  • ထောပတ်ကို အပူပေးပြီး အရည်ဖျော်ကာ အအေးခံထားပါ
  • သကြားနှင့် ထောပတ်ကို ပွလာစေရန် မွှေတံနှင့်မွှေပေးပါ စက်ရှိက စက်နှင့်မွှေပေးပါ
  • ထောပတ်နဲ့သကြား သမသွားပြီဆိုရင် နို့နှင့် ကြက်ဥကို ထည့်ပေးပြီး မွှေပေးပါ
  • ရောထားသော ဂျုံအရောကို ထည့်ပြီး မွှေပေးပါ
  • နောက်ဆုံး ကျန်သောနွားနို့နှင့် ဗနီလာအရည် ဂျုံကို မုန့်နှစ်ရအောင် ထည့်မွှေပေးပါ
  • မုန့်ဖုတ်မည့် ဗန်းထဲကို baking paper ခင်းပေးပါ 
  • Baking paper ခင်းထားသော ဗန်းထဲသို့ မုန့်နှစ်များကို လောင်းထည့်ပေးပြီး မျက်နှာပြင်ညှိပေးပါ
  • Oven ကို၁၈၀ဒီကရီနှင့် မုန့်မဖုတ်ခင် မိနစ်၂၀လောက် ကြိုဖွင့်ထားပါ
  • Oven ပူလာပြီ ဆိုတာနဲ့ မုန့်နှစ်ထည့်ထားသော ဗန်းကို ovenထဲထည့်ပြီး ၄၅မိနစ်ထည့်ပြီး ဖုတ်ပေးပါ
  • ၄၅မိနစ်ပြည့်ပါက မုန့်သားကျက်မကျက် သိစေရန် အသုံးမပြုရသေးသော ဒုတ်ချွန်လေးနှင့် ထိုးကြည့်ပါ
  • မုန့်နှစ်များ ကပ်မပါလာတော့ဘူးဆိုရင် မုန့်သားကျက်ပြီဖြစ်လို့ ဗနီလာကိတ် မွှေးမွှေးလေးကို သုံးဆောင် နိုင်ပါပြီ။

No comments:

Post a Comment