Friday 23 December 2016

သရက်သီးစိမ်း ငါးကင်ထောင်း



ရာသီဥတုက ပူလာပြီဆိုတော့ ထမင်းစားတွေက ပျက်ချင်လာခဲ့ပြီ ဒီတော့ကာ ထမင်းစားလေး မြိန်စေဖို့အတွက် ငါးပိနဲ့ငါးကင်လေးကို သရက်သီးစိမ်းလေးနဲ့ထောင်းရအောင် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. ပုဇွန်ငါးပိ - ထမင်းစားဇွန်း ၂ဇွန်းမောက်မောက်
  2. ငါးကင် - ၄ကောင်
  3. ငရုတ်သီးစိမ်း - စားနိုင်သလောက်
  4. ငရုတ်သီးစိမ်း အလှော်မှုန့် - စားနိုင်သလောက်
  5. သရက်သီးစိမ်း - အနေတော်တစ်လုံး
  6. ကြက်သွန်ဖြူ - အမွှာကြီးကြီး လေးမွှာ

ပြင်ဆင်ပုံ
  1. ပုဇွန်ငါးပိကို မွှေးသွားအောင် ကင်ပေးပါ
  2. ပုဇွန်ငါးပိ ကင်ရာတွင် မိုက်ခရိုဝေ့ထဲမှာ တစ်ဖက်ကို စက္ကန့်၃၀စီ ၂ခါကင်ပေးနိုင်သလို အောက်ခြေမက်သော ဒယ်အိုးထဲမှာ ထည့်ပြီး အပေါ်ယံမာပြီး မွှေးတယ်ဆိုရုံလေး ကင်ပေးပါ
  3. ငါးကို မလိုတာတွေဖယ်ပြီး ရေစင်အောင်ဆေးကာ ဆားအနည်းငယ်လူးပြီး ၅မိနစ်လောက် ကင်ပေးထားပါ
  4. ငရုတ်သီးစိမ်းကို ရေဆေးပြီး မွှေးသွားအောင် လှော်ပေးပါ
  5. သရက်သီးကို အညှာဖြုတ်ပြီး ရေ၁၀မိနစ်လောက် စိမ်ထားပါ
  6. ရေစိမ်ထားသော သရက်သီးကို အခွံခွာပြီး ခပ်ထူထူလေးတွေ ပေါက်ပေးကာ လှီးထားပါ
  7. ငါးကင်ကို အရိုးအသား သတ်သတ်စီ ထွင်ပေးထားပါ
  8. ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
ငါးပိထောင်းရန်
  1. ငရုတ်ဆုံထဲမှာ ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းကို ထည့်ပေးပြီး အရင်ဆုံး မညက်တစ်ညက် ထောင်းပေးပါ
  2. ထိုအထဲသို့ ပေါက်ထားသော သရက်သီးစိမ်း ငရုတ်သီး အလှော်မှုန့် ပုဇွန်ငါးပိနှင့် ငါးကင်တို့ကို ထည့်ပြီး ခပ်ဖွဖွ ထည့်ထောင်းပါ
  3. အားလုံး သမသွားပြီဆိုတာနဲ့ သရက်သီးစိမ်း ငါးကင်ထောင်းကို အရသာ လိုသလို ပြင်ပေးပြီး စားပွဲပြင်ရန် ပန်းကန်ထဲသို့ ပြောင်းထည့်ပေးပါ။

No comments:

Post a Comment