စပါကတီ ခေါက်ဆွဲတွေ ၀ယ်ထားပြီး ဘိုဆန်ဆန်တွေ လုပ်စားပြန်တော့ ပေါ့လျှံလျှံတွေတွေနဲ့စားလို့ကမကောင်း တယောက် တဇွန်းလောက်ဘဲ စားကြပြီး ကိုယ်ဘဲကျန်ဖြတ် လုပ်ရပြန်ရော အဲဒါနဲ့ဘဲ ဒီတခါတော့ စပါကတီခေါက်ဆွဲကို ထိုင်းစတိုင်လ် အစပ်လေး ကြော်ဖြစ်သွားလေတော့ ကြော်သမျှအကုန် ကုန်သွားပါတယ် စားလို့ကောင်းလွန်းတဲ့အတွက် ကြော်နည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- စပါဂတီခေါက်ဆွဲအစို - 400 g
- ကြက်ဥ - တစ်လုံး
- ကြက်သွန်ဖြူ - အမွှာကြီးကြီး နှစ်မွှာ
- ငရုတ်သီးစိမ်း - ငါးတောင့်ခန့် (စားနိုင်သလောက်)
- ထိုင်းပင်စိမ်းရွက် - ဆယ်ရွက်ခန့်
- ပဲသီး - ငါးတောင့်
- ဘရော့ကိုလီ - ငါးခက်ခန့်
- မုံလာဥနီ - အနေတော် တစ်ဥ
- ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
- ပဲငံပြာရည်အကြည် - ထမင်းစားဇွန်း နှစ်ဇွန်း
- ပဲငံပြာရည်အနောက် - ထမင်းစားဇွန်း တစ်ဇွန်း
- ခရုဆီ - ထမင်းစားဇွန်း တစ်ဇွန်း
- သကြား - ထမင်းစားဇွန်း တစ်ဇွန်း
- ဆီ - စားပွဲတင်ဇွန်းကြီး တစ်ဇွန်း
ပြင်ဆင်ပုံ
- စပါဂတီခေါက်ဆွဲကို နူးအောင်ပြုတ်ပြီး ရေအေးနှင့်ဆေးကာ ရေစစ်ပြီး အအေးခ
ံထားပါ - ကြက်သွန်ဖြူကို အခွံခွာကာ ရေဆေးပြီး ညက်နေအောင် ထောင်းထားပါ
- ငရုတ်သီးစိမ်းကို အညှာခြွေပြီး ရေဆေးကာ ညက်နေအေ
ာင် ထောင်းထားပါ - ပင်စိမ်းရွက်ကိ
ု ရေဆေးပြီး အရွက်ခြွေပြီး ရေစစ်ထားပါ - ပဲသီးကိုရေဆေးပြီး အနေတော် လှီးပေးကာ ရေစစ်ထားပါ
- ဘရိုကိုလီကို ရေဆေးပြီး အနေတော် လှီးထားပါ
- မုံလာဥနီကို အခွံခွာပြီး ပန်းပွင့်ပုံလေးတွေ လှီးထားပါ
ခေါက်ဆွဲကြော်ရန်
- ဒယ်အိုးတစ်လုံးမှာ ဆီကိုအပူပေးပြီး ထောင်းထားသော ကြက်သွန်ဖြူနှင့် ငရုတ်သီးစိမ်းတို့ကိုထည့်ပြီး ဆီသတ်ပါ
- ပြီးတာနဲ့ လှီးထားသော ပဲသီး ဘရိုကိုလီနှင့် မုံလာဥနီတို့ကို ထည့်
ကြော်ပေးပါ - တစ်မိနစ်ခန့် ကြော်ပေးပြီး အနည်းငယ် ကျက်သွားတာ
နဲ့ ကြက်ဥကို ဖောက်ထည့်ပေးပြီး မွှေပေးပါ - ကြက်ဥကျက်တာနဲ့ရေစစ်ထားတဲ့ စပါဂတီခေါက်ဆွဲကို ထ
ည့်ကြော်ပါ - တစ်မိနစ်လောက် ကြော်ပြီးတာနဲ့ ပဲငံပြာရည်အကြည် ပဲငံပြာရညအပြစ်
် သကြားနှင့် ခရုဆီတို့ကို ထည့်ကြော်ပေးပါ - ပြီးတာနဲ့ပင်စိမ်းရွက်နှင့် ငရုတ်ကောင်းမှုန့်ထည့်မွှေပေးကာ အရသာမြည်း၍ လိုသလို ပြင်ပေးပါ
- ထိုင်းစတိုင်လ် စပါဂတီခေါက်ဆွဲကြော် စပ်စပ်လေးကို မိမိနှစ်သက်သလို စားသုံးရန် ပြင်ပေးနိုင်ပါပြီ။
No comments:
Post a Comment