ပါ၀င်ပစ္စည်းများ
- ရွှေကြည်မှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၃ဗူး
- သကြား - ထမင်းစားဇွန်း ၅ဇွန်း (အချိုကြိုက်လျှင် ပိုထည့်ပါ)
- ထောပတ် - 75 ml
- ဆီ - 80 ml
- အုန်းနို့ - 400 ml
- ကြက်ဥ - သုံးလုံး
- ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
- ဆား - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
- ရေ - 200 ml
ပြင်ဆင်ပုံ
- ရွှေကြည်မှုန့်များကို အိုးအသားထူသော ဒယ်အိုးထဲမှာထည့်ပြီး ရွှေဝါရောင် သန်းလာတဲ့အထိ လှော်ပေးကာ အအေးခံပေးပါ
- ဇလုံတစ်လုံးထဲမှာ ကြက်ဥများကို အနှစ်နှင့်အကာ သမသွားအောင် ခေါက်ထားပါ
- ထောပါတ်ကို အပူပေးပြီး ဖျော်ထားပါ
- ပါဝင်သော ပစ္စည်းများကို ပြင်ထားပါ
- ဇောက်နက်ပြီး အိုးအသားထူသော အိုးထဲမှာ လှော်ထားသော ရွှေကြည်မှုန့် ကြက်ဥ အုန်းနို့ သကြား ဆား ရေ ထောပါတ် ဆီ အားလုံးတို့ကို ထည့်ပြီး အကုန်နှံ့အောင် ရောမွှေပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ မီးဖိုပေါ်တင်ကာ တည်ပေးပါ
- ရွှေကြည်များ အိုးမှာ မကပ်စေရန် အဆက်မပြတ် မွှေပေးပါ
- ရွှေကြည်များ ပြစ်လာတာနဲ့ ရွှေကြည်ဖုတ်မည့် ဘန်းထဲကို ပြောင်းထည့်ပေးပါ
- ကျိုထားသော ရွှေကြည်များ မုန့်ဖုတ်မည့် ဘန်းထဲကိုထည့် ပြီးတာနဲ့ သစ်သားယောင်းမဖြင့် ဖိသိပ်ပေးပါ
- ပြီးတာနဲ့ ရွှေကြည်ပေါ်မှာ ဘိန်းစေ့များ ဖြူးပေးပါ
- မုန့်မဖုတ်ခင် oven ကို 180°c ဖြင့် ၁၅မိနစ်ခန့် ကြိုပြီးဖွင့်ပေးထားပါ
- မီးဖိုပူလာတာနဲ့ ရွှေကြည်ထည့်ထားသော ဗန်းကို ovenထဲမှာ မိနစ်၂၀ခန့် ထည့်ဖုတ်ပေးပါ
- မိနစ်၂၀ သို့မဟုတ် ၂၅မိနစ် ပြည့်တာနဲ့ မီးပိတ်ပေးပြီး ရွှေကြည်ဗန်းကို မထုတ်သေးဘဲ oven ထဲမှာ ဆယ်မိနစ်လောက် ထားပြီးမှ ထုတ်ပေးပြီး အအေးခံထားပါ
- ရွှေကြည်ဗန်း အေးတော့မှ ရွှေကြည်များကို မိမိနှစ်သက်သည့် ပုံစံလေးများ လှီးပေးကာ စားသုံးနိူင်ပါပြီ။
No comments:
Post a Comment