အေးစိမ့်နေတဲ့ ရာသီဥတုကို အကြောင်းပြုလို့ ပူစပ်နေတဲ့ မျှစ်ငါးပိထောင်းလေးကို စားချင်စိတ်က ပေါ်လာလေတော့ ရေခဲသေတ္တာထဲ မြေလှန်ရှာပြီးသကာလ ထောင်းကြမယ် စားကြမယ် အစီအစဉ်လေး တနေ့တာအတွက် ပြင်ဆင်လိုက်ပါတယ်။
အရံဟင်းတမယ်လို့ ဆိုပေမဲ့ ဒီဟင်းတမျိုးထဲနဲ့တောင် စားလို့မြိန်စေတဲ့အတွက် ဒီနေ့တော့ ထိုင်းရိုးရာ အစာတခုကို အခြေခံပြီး မျှစ်ထောင်းပူစပ်စပ် ထောင်းနည်းလေး မျှဝေလိုက်ပါတယ်။
ပါဝင်ပစ္စည်းများ
- ပြုပ်ပြီးသား မျှစ်ချိုနု - အသေး 400 g
- ချယ်ရီခရမ်းချဉ်သီး - အနေတော် ၇လုံး
- ခရမ်းကြွတ်သီး - ၂လုံး ( ရှိလျှင်ထည့်ပါ)
- ပဲတောင့်ရှည် - ၃တောင့်
- ပုစွန်ခြောက် - ထမင်းစားဇွန်း တစ်ဇွန်း
- မြေပဲလှော် - ထမင်းစားဇွန်း ၁ဇွန်း ( နှစ်သက်လျှင်ထည့်ပါ )
- ထန်းလျက် - အသေး တစ်ခဲ
- ကြက်သွန်ဖြူ - အမွှာကြီးကြီး ၃မွှာ
- ကြက်သွန်နီ - အသေး ၃လုံး
- ငရုတ်သီးစိမ်း - စားနိုင်သလောက်
- ပုဇွန်ငါးပိ - ထမင်းစားဇွန်း တစ်ဇွန်း
- ပင်စိမ်းရွက် - အနည်းငယ်
ပြင်ဆင်ပုံ
- ဈေးမှဝယ်လာသော ပြုပ်ပြီးသား မျှစ်ချို အနုအဖူးလေးတွေကို ရေနွေးဆူဆူမှာ ၁၀မိနစ်လောက် ထပ်ပြုပ်ပြီး အအေးခံထားပါ
- အေးသွားပါက လေးစိတ်ခွဲ ခပ်ကြမ်းကြမ်း လှီးထားပေးပါ
- ချယ်ရီခရမ်းချဉ်သီးကို ရေဆေးပြီး ထက်ခြမ်းခြမ်း လှီးထားပါ
- ပဲတောင့်ရှည်ကို ရေဆေးပြီး လက်တဆစ်ခန့် လှီးထားပါ
- ခရမ်းကြွတ်သီးကို ရေဆေးပြီး ခပ်ပါးပါး လှီးထားပါ
- ပုဇွန်ငါးပိကို မိုက်ခရိုဝေ့ထဲမှာ တစ်မိနစ်လောက်ထည့်ပြီး မွှေးလာအောင် ကင်ပေးပါ
- မြေပဲလှော်ကို အခွံချွတ်ထားပါ
- ပင်စိမ်းရွက်ကို ရေဆေးထားပါ
- ထန်းလျှက်ခဲကို ပြင်ထားပါ
- ငရုတ်သီးစိမ်းကို ရေဆေးပြီး ထောင်းရလွယ်စေရန် ခပ်သေးသေးလေးတွေ လှီးပေးထားပါ
- ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးထားပါ
- ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက်ရေဆေးကာ ခပ်ကြမ်းကြမ်း လှီးပေးထားပါ
- ငရုတ်ဆုံထဲမှာ ထန်းလျက်ခဲက
ို အနည်းငယ်ကြေသွားအောင် ဖိချေပြီး ထောင်းပေးပါ - ပြီးတာနဲ့ ကြက်သွန်ဖြူန
ှင့် ငရုတ်သီးစိမ်းကို ခပ်ကြမ်းကြမ်း လုံးခြ မ်းကွဲရအောင် ထောင်းပေးပါ - မြေပဲလှော် ပုဇွန်ခြောက်နှင့် ပုဇွန်ငါးပိကိုထည့်ပြီး ဖိချေကာ ထောင်းပေးပါ
- အားလုံးအဆင်သင့် ဖြစ်တာနဲ့ ငရုတ်ဆုံထဲမှာ လေးစိတ်ကွဲ လှီးထားသော မျှစ်များ ပင်စိမ်းရွက် လှီးထားသော ပဲသီး ခရမ်းကြွတ်သီးနှင့် ခရမ်းချဉ်သီးတို့ကို ခပ်ဖွဖွ ထောင်းပေးပါ
- ခပ်ဖွဖွ ထောင်းပြီးတာနဲ့ ပူပြီးစပ်ကာ မွှေးနေတဲ့ မျှစ်ထောင်းကို နှစ်သက်သလို စားသုံးနိုင်ပါပြီ
- ထိုင်းအစာတွေမှာ အသီးအရွက်တွေကို ထောင်းတယ်လို့အမည်တပ်ပေမဲ့ အသီးအရွက်တွေကို ညက်နေအောင် ထောင်းခြင်းမဟုတ်ဘဲ ခပ်ဖွဖွလေးဘဲ ထောင်းကြပါတယ်။