Friday 6 August 2021

အသားတုကြော်

 












သတ်သတ်လွတ် စားချင်သူများအတွက် အရမ်းကို အဆင်ပြေစေတဲ့ အသားတုကြော်လေးပါ စားလို့ကောင်းပြီး ကြော်ချိန်လဲ မကြာသလို ကြော်ရတာလဲ လွယ်ကူလွန်းပါတယ် ဒါကြောင့်မို့လို့ ဒီနေ့တော့ အသားတုကြော် ပူပူလေးနဲ့ စားဖို့ခရမ်းချဉ်သီး ပန်ထွေဖျော်လေးနဲ့  ပြင်ဆင်ကြပါမယ်။

အသားတုကြော်က အကြော်မတတ်ရင်တော့ လွယ်မယောင်နဲ့ခက် တိမ်မယောင်နဲ့နက်တဲ့ အသားတုကြော်ပါဘဲ ဆီအများကြီးနဲ့ ကြော်စရာ မလိုသလို အိုးကင်းပူ တိုက်တယ်ဆိုရုံ ဆီနည်းနည်းလေးထည့်ပြီးကြော်ရတဲ့ နည်းလေးကိုပါ မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ
  1. အသားတု  - 100 g
  2. ဆား - လက်ဖက်ရည်ဇွန်း လေးပုံတစ်ပုံ
  3. အချိုမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  4. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  5. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
 အသားတုကြော်ရန် ပြင်ဆင်ပုံ
  • အသားတုများကို ရေမြုပ်အောင်ထည့်ပြီး နာရီ၀က်လောက် ရေစိမ်ထားပါ
  • မာမာ ရေစိမ်တဲ့ အသားတုက မာတဲ့အတွက် အချိန်ကြာအောင် ရေစိမ်ရပါတယ် 
  • မြန်မာပြည်က အသားတုက အသားပွတဲ့အတွက် ရေစိမ်ချိန်လျှော့ပြီး စိမ်ပေးရပါမယ်   
  • မာမာ အခုရေစိမ်တဲ့ အသားတုက ပွလာတဲ့အခါမှာ အကြီးကြီးတွေ ဖြစ်လာတဲ့အတွက် အနေတော်လေးတွေ ရလာအောင် ကပ်ကြေးနဲ့ ညှပ်ပေးထားပါတယ်
  • အသားတုများ ပွလာတာနဲ့ ရေကုန်အောင် ရေများညှစ်ပြီး ဇလုံတစ်လုံးထဲမှာ နနွင်းမှုန့် ဆား အချိုမှုန့်တို့နဲ့ အရသာ၀င်အောင် နယ်ထားပါ
  • ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ
  • ဆီအငွေ့ တက်လာတာနဲ့ အရသာ နယ်ထားသော အသားတုကို ထည့်ကြော်ပါ
  • ကြော်နေစဉ် အကျက်ညီစေရန် မကြာမကြာ မွှေပေးပါ
  • ငါးမိနစ်လောက် ကြော်ပြီးတာနဲ့ ပန်းကန်ထဲ ပြောင်းပြီးထည့်ပေးပါ
  • ပန်ထွေဖျော်နှင့် လိုက်ဖက်လွန်းတဲ့ အသားတုကြော် မွှေးမွှေးလေးကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment