Tuesday 3 August 2021

ရေထိကရုံးဟင်း







ဒီနေ့တော့ ရေထိကရုံးလေးတွေ ဝယ်လာပြီး ချဉ်ငံစပ်လေး ချက်ဖြစ်ပါတယ် ရေထိကရုံး အပင်လေးတွေက ဆေးဘက်လဲ ဝင်ပါတယ် မြန်မာပြည်မှာဆိုရင်တော့ ရေကန်ရှိတဲ့နေရာတိုင်းမှာ စိုက်လို့ရသလို သဘာဝအရ သူ့ဘာသူလဲ အလေ့ကျ ပေါက်တတ်ပါတယ်။

မာမာနေတဲ့ နိူင်ငံမှာတော့ အေးရှန်းဆိုက်တွေမှာ ရတတ်ပါတယ် ဒါကြောင့်မို့လို့ ဆေးဘက်လဲဝင်ပြီး ထမင်းစားလို့ မြိန်စေတဲ့ ဟင်းလေးတစ်မယ် ဖြစ်ခဲ့တဲ့အတွက် မာမာ ချက်ဖြစ်တဲ့ ရေထိကရုံး ဆေးနည်းနဲ့ ချက်နည်းလေးကို မျှဝေပေးလိုက်ပါတယ်ရှင်။

ပါ၀င်ပစ္စည်းများ

  1. ရေထိကရုံး  - ၁၅ပင် (WATER MIMOSA )
  2. ငရုတ်သီးစိမ်း - နှစ်သက်သလောက် 
  3. ကြက်သွန်နီ - အနေတော် တစ်ခြမ်း
  4. ကြက်သွန်ဖြူ - နှစ်မွှာ
  5. ငရုတ်သီး အရောင်တင်မှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ 
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  8. ဆီ - ထမင်းစားဇွန်း သုံးဇွန်း
  9. မန်ကျည်းသီးမှည့် - ကွမ်းသီးဆံလုံးလောက်

ရေထိကရုံးပင် သန့်စင်ရန်

  • ရေထိကရုံးပင်မှာ ကပ်နေသော ဖော့ဖြူဖြူလေးတွေကို ဖယ်ပေးပါ
  • ဖော့များကုန်သွားပါက ရေစင်အောင် ဆေးပေးပါ
  • ရေဆေးပြီးတာနဲ့ အနေတော်လေးတွေ ပိုင်းဖြတ်ထားပါ

ပြင်ဆင်ပုံ

  • ရေထိကရုံးများကို အဆင်သင့် ပြင်ထားပါ
  • မန်ကျည်းသီးမှည့်ကို ရေတစ်ထပ်ဆေးပြီး ရေအနည်းငယ်နှင့် စိမ်ထားပါ
  • ငရုတ်သီးစိမ်းကို ရေဆေးကာ ခပ်ပါးပါး လှီးပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးပြီး အနေတော် ခပ်ပါးပါး လှီးထားပါ
  • ကြက်သွန်ဖြူကို အခွံခွာပြီး ရေဆေးပြီး ခပ်နုတ်နုတ် လှီးထားပါ
  • ပါဝင်ပစ္စည်းများပို အဆင်သင့် ပြင်ထားပါ
  • ဆီနှင့် နနွင်းမှုန့်တို့ကို ဒယ်အိုးထဲမှာထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့ ငရုတ်သီးမှုန့် ငရုတ်သီးစိမ်း ကြက်သွန်ဖြူ နှင့် ကြက်သွန်နီကို မွှေးလာအောင် ထည့်ကြော်ပါ
  • ပြီးတာနဲ့ ရေထိကရုံးကို ထည့်ကြော်ပေးပါ
  • ရေထိကရုံး အနည်းငယ် နွမ်းတာနဲ့ ဆားနှင့် အရသာမှုန့်တို့ကိုထည့်ပြီး မွှေပေးကာ မန်ကျည်းမှည့်ရည်ကို ထည့်ပေးပါ
  • အရသာ သမသွားတာနဲ့ မိမိစိတ်ကြိုက် အရသာ ရလာအောင် ပြင်ပေးပြီး ရေအနည်းငယ် ချန်ထားကာ မီးပိတ်ပေးပါ
  • ထမင်းစား မြိန်စေမဲ့ ရေထိကရုံး ချဉ်ငံစပ်ဟင်း နူးနူးအိအိလေးကို ထမင်းပူပူလေးနဲ့ သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment