Saturday 7 August 2021

ဘူးချဉ်ကြော် မွှေးမွှေးလေး



အရင်တခါက ဘူးချဉ်ထည့်နည်းလေး တင်ဖူးပါတယ် အဲဒီဘူးချဉ် ထည့်ထားတာကို ဒီတစ်ခါတော့ ကောက်ညှင်းဆန် နဲ့ မွှေးအိနေအောင် ချက်ထားလို့ မာမာပြင်ဆင်တဲ့နည်းလေး မျှဝေလိုက်ပါတယ်ရှင်။
 
ပါ၀င်ပစ္စည်းများ
  1. ဘူးချဉ် - 250 
  2. ကောက်ညှင်းဆန် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ငရုတ်သီး အရောင်တင်မှုန့် -  လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  4. ကြက်သွန်နီ - အနေတော် တစ်လုံး
  5. ကြက်သွန်ဖြူ - အမွှာကြီးကြီး ၂မွှာ
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  8. ငရုတ်ကောင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ
  9. ဆီ - ထမင်းစားဇွန်း ၆ဇွန်း
  10. နနွင်းမှုန့် - လက်ဖက်ရည်ဇွန်း သုံးပုံတစ်ပုံ

ပြင်ဆင်ပုံ
  • ကောက်ညှင်းဆန်ကို  ရေဆေးပြီး ရေတညသိပ် စိမ်ထားပါ
  • ဘူးချဉ်ကို ပြင်ထားပါ
  • ငရုတ်သီး အရောင်တင်မှုန့်ကို ကြက်သွန်ဖြူ ကြက်သွန်နီတို့နှင့်ရောကာ မညက်တစ်ညက် ထောင်းထားပါ
  • အားလုံးအဆင်သင့် ဖြစ်တာနဲ့ အိုးတလုံးထဲကို ဆီထမင်းစားဇွန်း ၃ဇွန်းကိုထည့်ပေးပါ
  • ဆီပူလာတာနဲ့ ရေ ဆေးထားသော ကောက်ညှင်းဆန်ကို ထည့်ကြော်ပေးပါ
  • ၂မိနစ်လောက် ကြော်ပြီးတာနဲ့ ရေမြုပ်အောင်ထည့်ပြီး ကောက်ညှင်းဆန် နူးအောင်တည်ပေးပါ
  • ကောက်ညှင်းဆန် နူးလာတာနဲ့ နောက်ထပ်ဒယ်အိုး တစ်လုံးထဲမှာ ဆီထမင်းစားဇွန်း သုံးဇွန်းထည့်ပြီး အပူပေးပါ
  • ဆီပူလာတာနဲ့  နနွင်းမှုန့် လက်ဖက်ရည်ဇွန်း တစ်ဝက်နှင့် ငရုတ်သီးထောင်းတို့ကို ထည့်ပြီးဆီသတ်ပေးပါ
  • ဆီသတ်နံ့မွှေးလာတာနဲ့ ဘူးချဉ်ကိုထည့်ပြီး ဆီသတ်ပါ
  • ဘူးချဉ်ထည့်ပြီးတာနဲ့ နှစ်မိနစ်လောက် ချက်ပေးကာ ကောက်ညှင်းချက်ထားသော အိုးထဲသို့ ပြောင်းထည့်ပေးကာ ဆား အရသာမှုန့်နှင့် ရေမြုပ်အောင်ထည့်ပြီး အိုးအဖုံးအုပ်ကာ တည်ပေးပါ
  • အိုးမကပ်စေရန် မွှေပေးပြီး ရေခမ်းကာနီးမှာ အရသာမြည်းပြီး လိုသလိုပြင်ပေးပါ
  • ရေခမ်းပြီး ဆီပြန်လာပါက ငရုတ်ကောင်းမှုန့် ဖြူးပေးကာ သမအောင် မွှေပေးပါ
  • ပြီးတာနဲ့ မွှေးပြီးစားလို့ အရမ်းကောင်းတဲ့ ဘူးချဉ်ဟင်းကို သုံးဆောင်နိူင်ပါပြီ။

No comments:

Post a Comment