Thursday 23 April 2015

ခရမ်းသီး အစာသွပ်ဟင်း







ဒီနေ့တော့ ခရမ်းသီး အစာသွပ်ဟင်းလေးတစ်မယ် ချက်ပါတယ် ထမင်းမြိန်စေတဲ့ ဟင်းလေးတစ်မယ်မို့လို့ အိမ်ရှင်မတစ်ယောက်အတွက် လွယ်ကူမြန်ဆန်တဲ့ ဟင်းလေးတစ်မယ် ရလေအောင် ချက်စားကြည့်စေချင်ပါတယ်။

ပါ၀င်ပစ္စည်းများ
  1. အနေတော် ခရမ်းသီး - နှစ်လုံး
  2. နုတ်နုတ်စဉ်းထားသော ကြက်သွန်နီ - ဥကြီးကြီး တစ်ဥေ
  3. ညက်နေအောင် ထောင်းထားသော ပုဇွန်ခြောက် - လက်ဖက်ရည်ပန်းကန်လုံး - တစ်၀က်သာသာ
  4. နုတ်နုတ်စဉ်းထားသော ကြက်သွန်ဖြူ - အမွှာကြီးကြီး သုံးမွှာ
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်၀က်သာသာ
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်၀က်
  7. ဆီ - ထမင်းစားဇွန်း လေးဇွန်း
  8. ပဲငံပြာရည်အပြစ် - ထမင်းစားဇွန်း တစ်ဇွန်း
  9. အသုံးမပြုရသေးသော သွားကြားထိုးတုတ်တံ - ရှစ်ချာင်း
ပြင်ဆင်ပုံ
  • ခရမ်းသီးကို အညှာနားထိ ပြတ်အောင်မလှီးဘဲ လေးစိတ်လှီးပေးကာ ရေနာရီ၀က်လောက် စိမ်ထားပါ
  • အညိုရောင်အရည်များ ထွက်သွားပါက လက်နှစ်ဖက်နဲ့ ဆုတ်ပြီး ရေကို ညှစ်ပြီး ဖယ်ပေးပါ
  • ကြက်သွန်ဖြူ  ကြက်သွန်နီ ဆား အရသာမှုန့်နှင့် ပုဇွန်ခြောက်ထောင်းတို့ကို ရောနယ်ပေးထားပါ
  • ခရမ်းသီးရဲ့ လှီးထားသော နေရာကြားကိုဟပြီး သမအောင် နယ်ထားသော အစာများကို ထည့်ပေးပါ
  • ထည့်ပြီးတာနဲ့ ချက်နေစဉ် အစာများအပြင်ကို ပြန်မထွက်စေရန် လှီးထားသော နေရာများကို သွားထိုးတုတ်တံလေးများဖြင့် ဟိုဘက်ဒီဘက် စေ့သွားအောင် ပိတ်ပေးပါ
  • အရသာ စပ်ထားသော အစာများ ပိုနေပါက အိုးထဲထည့်ပြီး ချက်ပေးနိူင်ပါတယ်
  • အောက်ခြေမကပ်သော ဇောက်နက်နက် အိုးတစ်လုံးထဲမှာ ခရမ်းသီး ဆီနှင့် ရေမမြုပ် တစ်မြုပ်ထည့်ကာ အဖုံးအုပ်ပြီး တည်ပေးပါ
  • ရေ မခမ်းခင် ပဲငံပြာရည်ထည့်ပြီး အိုးကို အသာလှုပ်ပေးပြီး ဆီကျန်ရေကျန် အနေအထားလေးရအောင် တည်ပေးပါ
  • ခရမ်းသီးနူးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ သွားထိုးတုတ်တံလေးများ ဖယ်ပေးပြီး သုံးဆောင်နိုင်ပါပြီ။

2 comments:

  1. ကောင်းလိုက်တာနော် .... ခရမ်းသီးအစာသွပ်နှပ်ဆို အရမ်းကြိုက်တယ် အစ်မရေ .... ^____^

    ReplyDelete
    Replies
    1. အစာများများလေးသွပ်ပြီး နယ်ဖတ်ပြီးစားလို့ အရမ်းကောင်းနော်

      Delete