Thursday 23 April 2015

သခွားသီးထောင်း



ချဥငံစပ် သခွားသီးထောင်သုပ်လေး ဒီနေ့သုပ်ဖြစ်ပါတယ် သုပ်စားဖြစ်ပေမဲ့ ဘလော့မှာ တင်ဖို့နောက်ကျသွားခဲ့ပါတယ် သခွားသီးသုပ်ဆို မာမာက ထမင်းပူပူလေးနဲ့စားရတာကို ကြိုက်သလို ဒီအတိုင်းစားလဲ အရမ်းကြိုက်ပါတယ် ဘလော့က မိတ်ဆွေတွေလဲ နှစ်သက်လိမ့်မယ် ထင်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. သခွားသီး - တစ်လုံး
  2. ပုဇွန်ထုတ် -၂ကောင်
  3. ပါးပါးရိပ်ရိပ် လှီးထားသော ကြက်သွန်နီ - အနေတော် တခြမ်း

  • လှော်ပြီးထောင်းထားသော ငရုတ်သီးစိမ်း - ၇တောင့်
  • သံပုရာသီး - တခြမ်း
  • ငါးငပိရည်ကျိုပြီးသား - ထမင်းစားဇွန်း ၂ဇွန်း
  • ပင်စိမ်းရွက် - အနည်းငယ်
  • ဆား - အနည်းငယ်
  • ကြက်သွန်ဖြူဆီချက် - ထမင်းစားဇွန်း တဇွန်း (မထည့်လဲရ)
ပြင်ဆင်ပုံ
  • သခွားသီးကို ရေဆေးပြီး ပုံမှာပြထားတဲ့အတိုင်း အရင်ဆုံး ခြစ်ပေးပါ
  • ဒယ်အိုးထဲမှာ ပုဇွန်ကို ဆားအနည်းငယ် ရေအနည်းငယ်ထည့်ပြီး ရေခမ်းအောင် လှော်ပေးပါ
  • ပြီးတာနဲ့ ခေါင်းဖြုတ် အခွံခွာပြီး ကြောဘက်မှ အမဲကြောင်းကိုဖယ်ကာ ညက်နေအာင် ထောင်းပေးပါ
  • ငရုတ်သီးကို ရေဆေးပြီး မွှေးအောင်လှော်ပြီး ညက်နေအာင် ထောင်းပေးပါ
  • ကြက်သွန်နီကို အခွံခွာပြီး ရေဆေးကာ ခပ်ပါးပါး လှီးထားပေးပါ
  • ငပိရည်ကို ကျိုထားပေးပါ
  • ကြက်သွန်ဖြူဆီချက် ချက်ထားပေးပါ
  • ငရုတ်ဆုံ ခပ်ကြီးကြီးထဲမှာ သခွားသီး ခြစ်ပြီးသား ငပိရည် ဆား ပုဇွန်လှော်ထောင်း ကြက်သွန်နီ ပင်စိမ်းရွက် ငရုတ်သီးစိမ်းထောင်း သံပုရာရည်ညှစ် ဆီချက်တို့ထည့်ပြီး ၅ချက်လောက် ထောင်းပေးကာ အရသာ မျှတအောင် ဇွန်းနှင့်သမအောင် မွှေပေးပါ
  • အစပ်ကြောက်ရင် ငရုတ်သီးလျော့ထည့်ကာ အားလုံးသမအောင် မွှေပေးပြီးပါက အရသာမြည်းပြီး လိုသလို ပြင်ပေးကာ စားသုံးနိုင်ပါပြီ။





No comments:

Post a Comment