အသားမပါဘဲ ဖျော်နိုင်တဲ့ ငပိရည်ဖျော်နည်းလေးပါ ငပိရည်ဖျော်နည်းတွေ အများကြီးထဲက ဒီတခုကတော့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတို့နဲ့ဘဲ ထောင်းပြီးဖျော်ပေမဲ့ အသားပါတာတွေလိုဘဲ အရမ်းကိုချိုပါတယ်။
ပါဝင်ပစ္စည်းများ
- ကျိုပြီးသား ငါးငပိရည် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
- ကြက်သွန်နီ - အနေတော် ၂လုံး
- ကြက်သွန်ဖြူ - ကြီးကြီး ၅မွှာ
- ငရုတ်သီးစိမ်း - ၇တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
- ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
- အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
- ကျိုပြီးသား ငါးငပိရည်ကို ပန်းကန်ထဲ ထည့်ထားပေးပါ
- ကြက်သွန်နီကို မီးသွေးမီးနဲ့ အခွံများကျွမ်းအောင် ဖုတ်ပေးပါ
- မီးသွေးမီးဖိုမရှိက မိုက်ခရိုဝေ့မီးဖိုထဲ ၃မိနစ်လောက်ထည့်ပြီး ဖုတ်ပေးပါ
- မီးဖုတ်ပြီးသား ကြက်သွန်နီကို အခွံခွာထားပါ
- ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကို မီးအနေတော်နှင့် လှော်ထားပါ
- အားလုံးအဆင်သင့်ဖြစ်ပါက ငရုတ်ဆုံမှာ ငရုတ်သီးကိုအရင်ဆုံး ညက်အောင်ထောင်းပါ
- ပြီးမှ ကြက်သွန်အဖြူနဲ့ အနီကိုရောထောင်းပါ
- အားလုံးထောင်းပြီးပါက ငပိရည်ထဲ ခပ်ထည့်ပေးပါ
- ငပိရည်ထဲ ငရုတ်သီးအလှော်မှုန့်အရသာမှုန့်တို့ပါရောပြီးမွှေပေးပြီးပါက ငပိရည်ဖျော် မွှေးမွှေးလေးရပါပြီ။
အန်တီရယ် သားက ဒီငါးပိချက်နည်းကို
ReplyDeleteရှာနေတာ အခုတွေ့သွားပါ ချက်နည်းတွေကို စာနဲ့တကွ
ရေးပြတဲ့ အန်တီမာမာ ကိုကျေးဇူးတင်ပါတယ်
ငပိနဲ့ ပါတ်သက်တာတွေဆို ဘလော့ဘေးနားက ငပိရည်ဖျော် စားဖွယ်ရာများဆိုတာကို နှိပ်လိုက်ရင် ရှာလို့လွယ်တယ်နော်
Delete