Thursday 23 April 2015

ပြောင်းဖူးကြော် ကြွတ်ကြွတ်လေး






သမီးငယ်အတွက် ဒီနေ့ကြော်ပေးဖြစ်တဲ့ ပြောင်းဖူးကြော်လေးပါ အသားမစားတော့ ဟင်းစဉ်းစားရတာ နည်းနည်းတော့ ခက်သလိုပါဘဲ ဒါပေမဲ့ သူ့အတွက် သတ်သတ်လွတ်ဟင်းလေး တမယ်ရအောင်ရအောင် ဖန်တီးပေးရတော့ ပီတိတော့ဖြစ်မိပါတယ် ကြော်ရတာလွယ်တဲ့ ပြောင်းဖူးကြော်လေးပါ ။

ပါဝင်ပစ္စည်းများ

  1. အစေ့ခြွေထားသော ပြောင်းဖူးစေ့ - ထမင်းပေါင်းအိုး ဆန်ချင်ခွက် နှစ်ဗူး
  2. တန်ပူရာမှုန့် - ထမင်းပေါင်းအိုး ဆန်ချင်ဗူး တစ်ဗူး
  3. ရေ - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၁ဗူးခွဲသာသာ
  4. ဆီ  - ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၂ဗူးခွဲ

ကြော်ရန်ပြင်ဆင်ပုံ
  • တန်ပူရာမှုန့်ကို ရေနဲ့ခပ်ကျဲကျဲရအောင် ဖျော်ပေးပါ
  • ဖျော်ပြီးပါက ပြောင်းဖူးစေ့ကို ရောမွှေပေးပါ
  • ဆီကိုအပူပေးကာ ဆီပူလာပါက မီးကိုအလယ်အလတ်လောက် လျှော့ပေးပါ
  • စပ်ထားသော ပြောင်ဖူးတန်ပူရာမှုန့်ကို အနေတော် ယောက်ချိုဇွန်းမှုတ်နှင့်ခပ်ပြီး ဆီပူအိုးထဲလောင်းချပေးပြီး ကြော်ပေးပါ
  • တဖက်ရွှေဝါရောင်သန်းလာပါက နောက်တဖက်ကိုလှန်ပေးပြီး ကြော်ပေးပါ
  • နှစ်ဖက်လုံး ရွှေဝါသန်းလာရင် ဆယ်ပြီးဆီစစ်ပေးပါ
  • ဆီစစ်ပါက နှစ်သက်ရာ အချဉ်နှင့်စားသုံးနိုင်ပါပြီ
တန်ပူရာမှုန့်ကို မွှေးအကြော်မှုန့် ရွှေလိပ်ပြာအကြော်မှုန့်တို့နဲ့လဲ ကြော်နိုင်ပါတယ်
မာမာ အကြော်ကြော်ရာမှာ အိမ်ရှင်မတွေ အလွယ်တကူရနိုင်တဲ့ ထမင်းပေါင်းအိုး ဆန်ချင်ဗူးလေးနဲ့ဘဲ ချင်တွယ်ထားပါတယ်။

No comments:

Post a Comment