Sunday 26 April 2015
အသားမပါတဲ့ ငပိရည်ဖျော်မွှေးမွှေးလေး
အသားမပါဘဲ ဖျော်နိုင်တဲ့ ငပိရည်ဖျော်နည်းလေးပါ ငပိရည်ဖျော်နည်းတွေ အများကြီးထဲက ဒီတခုကတော့ ကြက်သွန်နီ ကြက်သွန်ဖြူ ငရုတ်သီးစိမ်းလေးတို့နဲ့ဘဲ ထောင်းပြီးဖျော်ပေမဲ့ အသားပါတာတွေလိုဘဲ အရမ်းကိုချိုပါတယ်။
ပါဝင်ပစ္စည်းများ
  1. ကျိုပြီးသား ငါးငပိရည် - တရုတ်ဟင်းပြင်ပန်းကန် တစ်လုံး
  2. ကြက်သွန်နီ - အနေတော် ၂လုံး
  3. ကြက်သွန်ဖြူ - ကြီးကြီး ၅မွှာ
  4. ငရုတ်သီးစိမ်း - ၇တောင့် အစပ်ကြိုက်ပါက ပိုထည့်ပါ
  5. ငရုတ်သီးအလှော်မှုန့် - ထမင်းစားဇွန်း တစ်ဇွန်း
  6. အရသာမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဝက်
ပြင်ဆင်ပုံ
  • ကျိုပြီးသား ငါးငပိရည်ကို ပန်းကန်ထဲ ထည့်ထားပေးပါ
  • ကြက်သွန်နီကို မီးသွေးမီးနဲ့ အခွံများကျွမ်းအောင် ဖုတ်ပေးပါ
  • မီးသွေးမီးဖိုမရှိက မိုက်ခရိုဝေ့မီးဖိုထဲ ၃မိနစ်လောက်ထည့်ပြီး ဖုတ်ပေးပါ
  • မီးဖုတ်ပြီးသား ကြက်သွန်နီကို အခွံခွာထားပါ
  • ကြက်သွန်ဖြူနဲ့ငရုတ်သီးစိမ်းကို မီးအနေတော်နှင့် လှော်ထားပါ
  • အားလုံးအဆင်သင့်ဖြစ်ပါက ငရုတ်ဆုံမှာ ငရုတ်သီးကိုအရင်ဆုံး ညက်အောင်ထောင်းပါ
  • ပြီးမှ ကြက်သွန်အဖြူနဲ့ အနီကိုရောထောင်းပါ
  • အားလုံးထောင်းပြီးပါက ငပိရည်ထဲ ခပ်ထည့်ပေးပါ
  • ငပိရည်ထဲ ငရုတ်သီးအလှော်မှုန့်အရသာမှုန့်တို့ပါရောပြီးမွှေပေးပြီးပါက ငပိရည်ဖျော် မွှေးမွှေးလေးရပါပြီ။
2 comments:
  1. ​ အန်​တီရယ်​ သားက ဒီငါးပိချက်​နည်းကို
    ရှာ​နေတာ အခု​တွေ့သွားပါ ချက်​နည်း​တွေကို စာနဲ့တကွ
    ReplyDelete
    Replies
    1. ငပိနဲ့ ပါတ်သက်တာတွေဆို ဘလော့ဘေးနားက ငပိရည်ဖျော် စားဖွယ်ရာများဆိုတာကို နှိပ်လိုက်ရင် ရှာလို့လွယ်တယ်နော်
      Delete