Thursday 17 September 2015

သံဓါတ်အားဖြည့် KALE ဖျော်ရည်



မာမာ့အိမ်မှာ စိုက်ထားတဲ့ kale စိုက်ခင်းလေး

Kale ဖျော်ရည်အတွက် လိုအပ်တာလေးတွေ

တယောက်စာအတွက် ပြင်ထားပြီး ဖျော်ပါမယ်

kale အရွက်များကို ကြိတ်လို့လွယ်အောင် 
လက်တလုံးလောက်လေးတွေ ဖြတ်ထားပေးပါ

အားလုံးကို ဗလင်ဒါထဲထည့်ကြိတ်ပါ
ဒီဖျော်ရည်လေးကတော့ သံဓါတ်ပြန်လည် အားဖြည့်ပေးတဲ့ Kale ဖျော်ရည်လေးပါ ကျမတို့ အေးရှန်းတွေ အများစုက သံဓါတ်အားနည်းတတ်ကြပါတယ် ကိုယ့်ဘာသာကိုယ်ဆိုရင် မသိနိုင်ပေမဲ့ သွေးဖောက်ပြီး စစ်လိုက်တိုင်း ၁၀ယောက်မှာ ၇ယောက်လောက်က သံဓါတ်အားနည်းတာကို တွေ့ရတတ်ပါတယ်။

အဲဒီလိုအခါမျိုးမှာ ပဠိဇီဝဆေးတွေ မှီဝဲသင့်တာလဲ မှီဝဲရပါတယ် ဆေးဆိုတာမျိုးက ကောင်းတန်ဆိုးတန် ၂တန်ရောနေတတ်တာမို့ မဖြစ်မနေကျမှ မှီဝဲတာ အကောင်းဆုံးပါ အခုလို အသီးအရွက် လတ်လတ်ဆတ်ဆတ်လေးတွေကို စားသုံးခြင့်ဖြင့်လဲ ပြန်လည်ပြီး ဖြည့်စွမ်းပေးနိုင်တာမို့ အဆင်ပြေမယ်ဆိုရင်တော့ သောက်သုံးစေချင်ပါတယ်။

ပါဝင်ပစ္စည်းများ

  1. အရွက်ထိပ်ဖျားပိုင်းကို ဖြတ်ထားသော Kale  - 1 cup
  2. အနေတော်လှီးထားသော နာနတ်သီး - 1 cup
  3. အနေတော်လှီးထားသော ပန်းသီး - 1 cup
  4. သံပုရာရည် - 1 tbsp
  5. ရေ. - 5 tbsp 
  6. ရေခဲတုံး - ခပ်သေးသေး ၇တုံး

ပြင်ဆင်ပုံ
  • အဆင်သင့်ပြင်ထားသော ပစ္စည်းအားလုံးကို ဘလင်ဒါထဲမှာ တမိနစ်ကြိတ် တခါနားပြီး ၇ခါလောက် ညက်နေအောင် ကြိတ်ပေးပြီး သောက်သုံးနိုင်ပါပြီ
  • ရေခဲကြိုက်လျှင် ရေအစား ရေခဲထည့်ကြိတ်ပေးပါ
  • ပန်းသီး နာနတ်သီးတို့နဲ့အတူ အခြားနှစ်သက်ရာ အသီးများကိုလဲ ထည့်ပြီးဖျော်နိုင်ပါတယ်။

2 comments:

  1. Kale ဆိုတာ မြန်မာလို ဘာလဲ မသိဘူးနော် ....
    မုန်လာလိုလို၊ မုန်ညင်းလိုလိုဘဲနော်။ အစ်မဆီကနေ အဆန်းအပြားလေးတွေ၊ အကျိုးရှိစရာတွေ သိရလို့
    ကျေးဇူးတင်ပါတယ် .... ^___^

    ReplyDelete
  2. အနီးစပ်ဆုံးက ကိုက်လန်နဲ့ပိုပြီးတူတယ် ညီမလေး မြန်မာလိုတော့ မသိဘူး ဒီမှာတော့ အရမ်းစားကြတယ် ဈေးလဲကြီးတယ်

    ReplyDelete