Sunday 13 September 2015

လက်ဖက်အချဉ်ထောင်း


လက်ဖက် အချိုနှပ်လေး ရေးပေးပြီးပြီဆိုတော့ ပိုပြီးပြည့်စုံသွားရလေအောင် ချဉ်ငံစပ်လက်ဖက်နှပ်လေး မျှဝေချင်ပါတယ် မာမာကတော့ စောင်းလျားသီး အစိမ်းမရှိလို့ သံပုရာသီးနဲ့ဘဲ အချဉ်အရသာကိုယူပြီး နှပ်ထားပါတယ် မာမာ့အမေဆိုရင်တော့ စောင်းလျားသီးအစိမ်းကို မညက်တညက်ထောင်းပြီး နှပ်လေ့ရှိပါတယ် အခုတော့ အဆင်ပြေသလိုလေး အမေ့နည်းကို အခြေပြီး နှပ်ထားတဲ့ ချဉ်ငံစပ်လက်ဖက်လေး မျှဝေလိုက်ပါတယ်။

လက်ဖက်အသား ချဉ်ငံစပ်နှပ်ရန် ပါဝင်ပစ္စည်းများ

  1. လက်ဖက်အသား (လက်ဖက်အညွန့် )  - ထမင်းစားဇွန်း ဇွန်းနှစ်ဆယ်ခန့်
  2. ပုဇွန်ခြောက်မှုန့် - ထမင်းစားဇွန်း ဆယ်ဇွန်း
  3. ကြက်သွန်ဖြူ - အမွှာကြီးကြီး ဆယ့်ငါးမွှာ
  4. ငရုတ်သီးစိမ်း - အတောင့်းသး ဆယ့်ငါးတောင့် (အစပ်ကြိုက်ပါက ပိုထည့်ပါ)
  5. သံပုရာသီး - အနေတော် တစ်ခြမ်း
  6. ဆား - လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
  7. အချိုမှုန့် - လက်ဖက်ရည်ဇွန်း တစ်ဇွန်း 
  8. မြေပဲဆီစစ်စစ် - လိုသလောက် သုံးပါ
  9. လက်ဖက်အရွက်ကြမ်းဖြစ်ပါက ရေ၂ထပ်လောက်ဆေးပြီး ရေစင်အောင်ညှစ်ကာ ညက်နေအောင် ငရုတ်ဆုံထဲ ထည့်ထောင်းပြီးမှ နှပ်ပါ

ပြုလုပ်ပုံ
  • လက်ဖက်အညွန့်ကို ရေနှင့် ခပ်ဖွာဖွာလှုပ်ပြီး ဆေးကာ လက်နှစ်ဖက်နှင့် ရေစင်အောင် ညှစ်ပေးပါ
  • ရေစစ်သွားပါက ဇလုံကျယ်ကျယ်တလုံးထဲ ထည့်ပြီး ဖွထားပါ
  • ကြက်သွန်ဖြူ ၁၀မွှာကို မညက်တညက်ထောင်းထားပါ
  • ကျန်သောကြက်သွန်ဖြူ ၅မွှာကို အကွင်းလိုက်လှီးထားပါ
  • ငရုတ်သီးစိမ်း ၁၃တောင့်ကို ညက်နေအောင်ထောင်ပြီး ကျန်၂တောင့်ကို အကွင်းလိုက်လှီးထားပါ
  • ဆား ပုဇွန်ခြောက်မှုန့် ငရုတ်သီးစိမ်းထောင်း အချိုမှုန့် ကြက်သွန်ဖြူထောင်းနှင့် သံပုရာညှစ်ပေးပြီး ခပ်ဖွဖွ အားလုံးသမအောင်နယ်ပေးပါ
  • အရသာမြည်းကြည့်ပြီး လိုသလိုပြင်ပေးကာ ငရုတ်သီးအကွင်း ကြက်သွန်ဖြူအကွင်း ဆီထည့်ပြီး သမအောင်နယ်ပေးပါ
  • အားလုံးသမသွားပါက လေလုံသော ဖန်ပုလင်းထဲတွင် ဆီမြုပ်အောင်ထည့်ပြီး ရေခဲသေတ္တာထဲမှာ ထားစားပါက နှစ်ပေါက်အောင် စားသုံးနိုင်တဲ့ လက်ဖက်ချဉ်ငံစပ်လေးရပါပြီ။

No comments:

Post a Comment