Wednesday 2 September 2015

ပုသိမျဟာလဝါ



အေးပြီးမာလာမှ နှစ်သက်သလို လှီးပေးပါ

စားသုံးရန် အသင့်ပြင်ပေးပါ

ဒီနေ့တော့ ပုသိမ်ဟာလ၀ါလေး ထိုးစားဖြစ်ပါတယ် မုန့်လုပ်ပုံက ထိုးမုန့်နဲ့ ပုံစံတူပါတယ် ပါဝင်ပစ္စည်းတွေဘဲ နည်းနည်းကွာသွားတာပါ။

မုန့်သားကျအောင် လုပ်ပုံကတော့ ထိုးမုန့်အတိုင်းပါဘဲ သကြားနေရာမှာ ကြံသကာရှိရင်တော့ ကြံသကာကို အရည် ခပ်ကျဲကျဲ ကျိုရပါမယ်။

မာမာကတော့ ကြံသကာမရှိလို့ သကြားအညိုနဲ့လုပ်ထားပါတယ် သကြားအညို မရှိရင်လဲ သကြားဖြူကို သုံးနိုင်ပါတယ် အရောင်တက်တာလေးဘဲ နည်းနည်းကွာသွားပြီး အရသာကတော့ အတူတူပါဘဲ။

မန္တလေးထိုးမုန့်က မြေပဲ စပျစ်သီး အုန်းသီးကြော် ဘိန်းစေ့ ကျောက်ဖရုံယိုလို အစာလေးတွေ ထည့်ပါတယ် ပုသိမ်ဟာလ၀ါကတော့ ဘိန်းစေ့တမျိုးဘဲ ထည့်ပြီးထိုးထားပါ။

ပါဝင်ပစ္စည်းများ

  1. ကောက်ညှင်းမှုန့် - 200 g
  2. သကြားဖြူ သို့မဟုတ် ကြံသကာ သို့မဟုတ် သကြားအညို - 50 g
  3. ဆီ - 50 g
  4. ထောပတ် - 200 g
  5. ဆား - လက်ဖက်ရည်ဇွန်း တစ်ဇွန်း
  6. ဘိန်းစေ့ - ထမင်းစားဇွန်း တစ်ဇွန်း
  7. အုန်းနို့ - 200 ml
  8. ရေ - 90 ml
ပြုလုပ်ပုံ
  • အရင်ဆုံး ဇောက်နက်သော အိုးတစ်လုံးထဲမှာ ရေနှင့်အုန်းနို့ကိုထည့်ပြီး ပူတယ်ဆိုရုံလေး အပူပေးလိုက်ပါ
  • ပူလာတာနဲ့ကောက်ညှင်းမှုန့်နှင့် ဆားကိုထည့်ပြီး သမသွားအောင် မွှေပေးပါ
  • နောက်ထပ်အိုးတလုံးထဲမှာ ဆီနှင့် ထောပတ်ကို အပူပေးပြီး ထောပတ်ပျော်သွားအောင် မွှေပေးပါ
  • ထောပတ်ပျော်လာတာနဲ့ ကောက်ညှင်းအိုးထဲ သွန်ထည့်ပြီး သမသွားအောင် မွှေပေးပါ
  • မွှေနေစဉ် အဆက်မပြတ် မွှေပေးပြီး သကြားကို ထည့်မွှေပေးပါ
  • လက်အားသန်သန်နှင့် ၁၀မိနစ်လောက် မွှေပေးပြီး မုန့်သားကြည်လာတာနဲ့ ဘိန်းစေ့ကို ထည့်မွှေပေးပါ
  • မုန့်သားလဲ ကြည်လာပြီး ဘိန်းစေ့နှင့် မုန့်သားတို့  သမသွားတဲ့အထိ လက်သန်သန်နဲ့ စိတ်ရှည်လက်ရှည် မွှေပေးပါ
  •  မွှေနေရင်း ထောပတ်ဆီများလဲ ပြန်ထွက်လာပါလိမ့်မယ်
  • ထောပါတ်ဆီများ ပြန်ထွက်လာတာနဲ့ မုန့်ဗန်းတခုထဲ ပြောင်းထည့်ကာ အအေးခံထားပါ
  • မုန့်သားအေးပြီး မာလာတော့မှ မိမိနှစ်သက်သလို လှီးပေးပြီး အချိုပွဲအဖြစ် စားသုံရန် ပြင်ပေးနိုင်ပါပြီ။

3 comments:

  1. မမမာရေ အရမ်းကြိုက်တာ မလုပ်နိုင်လိုံ့ပုံကြည့်ပြီး........တ၀ကြီးစားလိုက်တယ်

    ReplyDelete
    Replies
    1. လက်အတော်ညောင်းတဲ့ မုန့်လေးနော်

      Delete
  2. နည်းနည်းလေးလုပ်လေ စံပယ်ချိုရေ
    စားလို့ကောင်းလို့ စားစေချင်လို့နော်

    ReplyDelete