အရင်ဆုံး ယူကျူ့ကနေ လုပ်နည်းလေးရှာကာ လုပ်နည်းလေးရတော့ လိုတာတွေပြင်ပြီး အီကြာကွေးလေးတွေ လုပ်ဖြစ်ပါတယ်။
အီကြာကွေး တစ်ချောင်းရဖို့အတွက် လက်လဲနည်းနည်းဝင်သလို လက်လဲတော်တော်လေး ညောင်းပေမဲ့ အီကြာကွေးလေးတွေ ရလာတဲ့အခါမှာတော့ ပျော်စရာပေါ့ရှင်။
ဒါကြောင့်မို့လို့ မာမာ ယူကျူ့ကနေကြည့်ပြီး လုပ်ထားတဲ့ အီကြာကွေး လုပ်နည်းလေးကို ပြန်လည်ပြီး မျှဝေပေးလိုက်ပါတယ်ရှင်
ပါဝင်ပစ္စည်းများ (အီကြာကွေး ၁၀ချောင်းစာအတွက် )
- 750 ml - plain flour
- 1/4 tsp - baking powder
- 1 tsp - sugar
- 1/2 tsp - dry yeast
- 5 tbsp - vegetable oil
- 1/2 tsp - salt
- 250 ml - water
- 1 1/2 - liter
ပြုလုပ်ပြင်ဆင်ပုံ
- Baking power, dry yeast, sugar, salt & plain flour တို့ကို ဇလုံကျယ်ကျယ် တစ်လုံးမှာ အရင်ဆုံး ရောမွှေထားပါ
- အားလုံးသမသွားတာနဲ့ဂျုံမှုန့်ကိုထည့်ကာ ဇွန်းနဲ့ သမအောင် မွှေပေးပါ
- ပြီးတာနဲ့ ဆီနှင့်ရေကို ထည့်ပေးပြီး လက်နှင့်နယ်ပေးပါ
- မုန့်ဒိုးသား အရမ်းကြီး ပျော့မသွားစေရန် ရေကိုနည်းနည်းခြင်း ထည့်နယ်ပေးပါ
- လက်ကို မကပ်တော့တဲ့အထိ နယ်ပေးပါ
- လက်ကို မကပ်တော့ဘဲ မုန့်ဒိုးသား ပျော့လာပါက မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဒိုးသားကိုတင်ပြီး ၁၅မိနစ်ခန့် လက်ဖနောင့်နှင့်ဖိလိုက် လက်သီးဆုတ်နှင့်ထိုးလိုက် လုပ်ပေးပါ
- ဒိုးသားပြောင်ပြီး ချောလာပါက cling wrapနှင့် လေလုံအောင်ထုတ်ပြီး အခန်းတွင်း အအေးဆုံးနေရာမှာ တစ်နာရီခန့် ထားပေးပါ
- တစ်နာရီပြည့်ပါက ဒိုးသားကို အပြင်ထုတ်ပေးကာ လက်ဖနောင့်နှင့် ၅မိနစ်ခန့် လုံးလိုက်ဖြန့်လိုက်လုပ်ကာ ဖိပြီးနယ်ပေးပါ
- ပြီးတာနဲ့ မျက်နှာပြင်ညီသော စားပွဲပေါ်မှာ ဂျုံမှုန့် ထမင်းစားဇွန်း တစ်ဇွန်းခန့်ဖြူးကာ ဒိုးသားကို 0.5 cmအနေရအောင် လှိမ့်ပေးကာ ဓါးနှင့်၂ပိုင်း ပိုင်းပေးပါ
- မုန့်သားဖြတ်နေတုံး အ၀ကျယ်သော အိုးထဲမှာ ဆီတစ်လီတာခွဲခန့်ကို ထည့်ပြီး အပူပေးထားပါ
- ပိုင်းထားသော မုန့်ဒိုးသား၂ခုကို တခုခြင်းဆီ လက်ဖနောင့်နှင့် ဖိကာ ၁၀ခုစာရအောင် ဖြန့်ပေးပါ
- မုန့်ဒိုးသား ပြန့်သွားတာနဲ့ ဓါးပြတ်ပြတ်နှင့် 3 cm×10 cmအရွယ် ၁၀ခုစာမှန်းပြီး ဖြတ်ပေးပါ
- မုန့်သား၂ခုအတွက် အခု နှစ်ဆယ်ရပါမယ်
- မုန့်သား ၂ခုစီကို ထပ်ပေးပြီး အရှည်လိုက် ထပ်ပေးကာ မုန့်သားအလယ်ကနေ တူနှင့်ဖိချပေးပါ
- တူနှင့်ဖိချထားသော မုန့်သားကို အသာယူကာ ရှည်သွားအောင် ဆွဲဆန့်ပြီး ဆီအိုးထဲ ထည့်ကြော်ပေးပါ
- တစ်ဖက်ကျက်လျှင် တဖက်ကို လှန်ပေးပြီး နှစ်ဖက်လုံး ရွှေဝါရောင်သန်းလာလျှင် ဆယ်ပြီး ဆီစစ်ပေးကာ သုံးဆောင်နိုင်ပါပြီ
- နောက်ထပ်ကျန်သော မုန့်သားများကြော်ချိန်တွင် ဆီအရမ်းပူနေပါက မီးကို အနည်းငယ် လျှော့ပြီးမှ ဆက်ကြော်ပေးပါ။
- မုန့်သားအားလုံး ကြော်ပြီးပါက လက်ဖက်ရည် ကော်ဖီတို့နှင့် လိုက်ဖက်သော အီကြာကွေး ပူပူလေး ရပါပြီမို့လို့ မိမိနှစ်သက်သလို ပြင်ဆင်ပြီး စားသုံးနိုင်ပါပြီ။
No comments:
Post a Comment