Tuesday 15 September 2015

ကီဝီသီး ရေခဲချောင်း



ရာသီဥတုက ပူလာပြီဆိုတော့ ရင်ထဲမှာ တခန အေးသွားစေမဲ့ အစာလေးတွေ လုပ်စားဖြစ်ပါတယ် အခုတလော ကီဝီသီးတွေကလဲ လှိုင်လှိုင်ပေါ်နေတော့ ကီဝီသီးဖျော်ရေလေး လုပ်သောက်လိုက် ရေခဲချောင်းလေး လုပ်စားလိုက်နဲ့ ဒီနေ့တော့ ကီဝီသီး ရေခဲချောင်းလုပ်နည်းလေး မျှဝေလိုက်ပါတယ်ရှင်။

ပါဝင်ပစ္စည်းများ

  1. ကီဝီသီး - ၁၀လုံး
  2. သကြား - ထမင်းစားဇွန်း ၂ဇွန်းခွဲ
  3. ရေ - 250 ml
  4. ရေခဲချောင်းခွက် - ၆ခွက်

ပြုလုပ်ပုံ
  • ကီဝီသီးကို အခွံခွာပြီး ရေဆေးထားပါ
  • ကီဝီသီးနဲ့ သကြားတို့ကိုထည့်ပြီး ဗလင်ဒါထဲမှာ ကြေအောင် ထည့်ကြိတ်ပေးပါ
  • ကီဝီသီးကြေတာနဲ့ ရေရောပေးပါ
  • ရေနဲ့သမအောင်မွှေပေးပြီး ရေခဲချောင်းခွက်ထဲထည့်ပြီး ရေခဲသေတ္တာ အပေါ်ထပ်ထဲမှာ ထည့်ပြီးလေးနာရီလောက် အကြာမှာ ရေခဲလာတာနဲ့ ချိုချိုမွှေးမွှေး ရေခဲချောင်းလေး စားလို့ရပါပြီ။

2 comments:

  1. အစ်မက အဆန်းလေးတွေ လုပ်တတ်တယ်နော် .. အရမ်းတော်ပါတယ် ....
    အစ်မ မသိလို့ မေးမလို့ .. ရေခဲချောင်းထဲမှာ ဆား ရောထည့်သေးလား အစ်မ ..

    ReplyDelete
  2. ဆားမထည့်ပါဘူး ညီမလေးရေ

    ReplyDelete